"ကောင်းတာပေါ့သားရဲ့ သွားသွား အပေါ်မှာတတ်နှိုးချေ "ဆိုပြီး မေမေ့စကားသံပြန်ကြားလိုက်ရလျှင်" ဟာသွားပြီ မေမေကလည်း သူ့ဆို အမြဲအလိုလိုက်တာပဲ ဒီကောင်ဘာအရူးထမှန်းမသိဘူး မလိုက်ဘူးဒါပဲ နားပိတ်အိပ်မယ် "ဆ်ိုပြီး မျက်လုံးကိုအတင်းမှိတ် နားကိုလက်နှစ်ဖက်ဖြင့်ပိတ်ကာ အိပ်ဖို့ကြိုးစားလေသည်။

အိမ်ပေါ်တတ်လာသည့်အသံကြားရပြီနောက် ကျွီ""" အခန်းတံခါးဖွင့်သည့်အသံ ဗုဒ္ဓေါ ငါညက အခန်းတံခါး lock မချမိဘူးလား ခွေးဖြစ်ပြီ အမေကယ်ပါ အဲ အမေက သူ့ဘက်ကဆိုတော့ ငါ့ကို ကယ်နိုင်မှာမဟုတ်ဘူး ကယ်နိုင်တဲ့သူ ကယ်ကြပါဟု ရုတ်တရတ် ဆုတောင်းရင်း စောင်ခြုံအောက်မှာ အသက်တောင်မရှူရဲပဲ ကိုသုဆီက လှုပ်ရှားမှုကို အသံတိတ်နားစွင့်နေမိသည်။

"ဟေ့ကောင် ငဘေး ထ လေ့ကျင့်ခန်းသွားလုပ်မယ် မင်းကွာ လူငယ်ဖြစ်ပြီး အပျင်းကြီးလိုက်တာ ထ လေ့ကျင့်ခန်းသွားလုပ်မယ် " သူက ပြောလည်းပြော ခြေထောက်နဲ့လည်းကန်နှိုးသည်မို့ တစ်ဖက်ကိုလှည့်ရင်း အံကြိတ်ပေတေအိပ်နေလိုက်သည်။ဘယ်ရမလဲ ဘေးဘေးပဲဟာ..

နှိုးလေ ရအောင်နှိုးစမ်း စိတ်ထဲမှပြောရင်း စောင်အောက်မှပင် ညစ်ကျယ်ကျယ်လေး ပြုံးမိသေးသည်။ ခဏကြာတော့ ဘာအသံမှ မကြားရတော့ပါလား ဆိုပြီး တွေးနေတုန်း ရုတ်တရတ် အခွခံလိုက်ရတာမို့ လန့်သွားလေသည်။အရှိန်နဲ့မို့ လန့်လည်းလန့် လူလည်း အီစလံလည်းဝေသွားလေသည်။

"ကိုသု ဟ ဘာလုပ်တာလဲ နာလိုက်တာ ဖယ်စမ်းပါ နင့်ကိုယ်လုံးကြီးနဲ့ ငါ့ခါးတော့ ကျိုးပြီလား မသိဘူး" အိပ်ယာမှ လူးလဲ ထဖို့ကြိုးစားရင်း စိတ်တိုတိုနဲ့ အော်မိသည်။ အိပ်ယာကနေ ထဖို့ကြိုးစားပေမဲ့ မရပါ သူ့ခန္ဓာကိုယ်ကြီးဖြင့် တတ်ခွထားတာမို့ ထဖို့ကမလွယ်ပါ။

ကိုသုက "မင်းကလည်း ယောက်ျားမဟုတ်တာကြနေတာပဲ ဒါလေးခွတာကို ဖြစ်ပျက်ပြနေလိုက်တာ" ဟုပြန်ပြောလေသည်။

"ဒါလေးဟုတ်လား နာတယ်ဟ နင် ပြန်အခွခံကြည့်ပါလား သေနာကောင်"ဟု ဘေးဘေးဆဲလိုက်မိတော့

Without YouTahanan ng mga kuwento. Tumuklas ngayon