ကျန်တဲ့အချိန်တွေမှာ သူငယ်ချင်းအပေါ် အလိုလိုက်ပေးတာ ကျေးဇူးတင်မိပေမယ့်လည်း အခုအချိန်မှာတော့ မသိမသာလေးကျိန်ဆဲချင်နေပြီ ။

" အားယို့ အိ ရား "

" ခဏ ငါထင်တာ မင်းခုနက မုန့်စားထားလို့
လေးနေတာလား မသိဘူး...
နည်းနည်းလေးပေါ့သွားအောင်
အီးအီးတစ်ခါလောက်
ပါလိုက်ပါ့လား "

" နေပါဦး ရောက်တော့မယ် အိ "

" ဒါက ဘာလုပ်နေကြတာလဲ! "

" ဟင် ဦး...ဦး "

" အား မား! "

💕💕💕💕💕💕

" တောင်းပန်ပါတယ် "

" နောက်တစ်ခါမလုပ်တော့ပါဘူး "

သူခိုးလူမိသလိုဖြစ်သွားမှ လက်သီးလေးနှစ်ဖက်ဆုပ် ခေါင်းအောက်ငုံ့ထားကြတာ ။

ခုနတုန်းက ကျောင်းပြေးဖို့အတွက် အသည်းအသန်အားထုတ်နေတဲ့ သူတို့မဟုတ်တော့သည့်အတိုင်း ။

Junလုံးရဲ့ခင်ပွန်းသည်တစ်ဦးအပြင် ကျောင်းရဲ့ရှယ်ယာဝင်ဖြစ်သည့်အလျောက် ငွေကြေးအထောက်အပံ့နဲ့ ကျောင်းတက်မည့်ကလေးတွေအတွက် ဆွေးနွေးတိုင်ပင်ဖို့လာရင်း

ကျောင်းအနှံ့ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်နေရာမှ အုတ်နံရံကျော်တက်ပြီး ကျောင်းပြေးဖို့လုပ်နေတဲ့ ဒီကလေးသုံးယောက်ကိုတွေ့သည်ပဲ ။

အတော်အတန်မြင့်တဲ့တံတိုင်းကို လက်နုနုလေးတွေနဲ့ကုတ်တက်နေပြီး အောက်ကသူငယ်ချင်းနှစ်ယောက်ကလည်း ဝိုင်းပင့်တင်ပေးနေကြတာ ။

အသံခပ်မာမာနဲ့လှမ်းအော်လိုက်တော့ လန့်ဖြန့်သွားတဲ့ Baekhyuneeနဲ့Seokက ဘေးကိုရှောင်ထွက်သွားပြီး ဟိုကလေးကတော့ ကားယားကြီးပြုတ်ကျတာလာမို့ သူ့မှာအမြန်သွားပြေးဖမ်းရသေး ။

" ကလေးတို့ ကျောင်းပြေးတာမကောင်းဘူး
အဲ့ဒါကြောင့် နောက်တစ်ခါမလုပ်ရဘူးနော် "

" ဟုတ်ကဲ့ပါ "

တည်တံ့နေသည့်မျက်နှာထားနဲ့သူနှင့် မျက်နှာငယ်လေးတွေနဲ့ကလေးသုံးယောက်ရဲ့ကြား နောက်တစ်ခါကျောင်းမပြေးဖို့ပြောနေတဲ့ ကျောင်းအုပ်ကနေရခက်နေဟန် ။

My Little Zhang Hikayelerin yaşadığı yer. Şimdi keşfedin