ဒါကိုဘဲ အိုဗာတင်းပြီး အချိန်ပြည့်စာတွေနဲ့လုံးပန်းပြီး အပင်ပန်းခံနေသည့် သူတို့အစား Baekhyuneeတကယ် စိတ်မကောင်းဖြစ်ရသည် ။

စာဆိုရင် အတန်းထဲမှာလည်း သေချာလိုက်နားမထောင်တတ်ပေမယ့် ဥာဏ်ကောင်းတဲ့ Baekhyuneeက စာမေးပွဲရက်နီးမှသာ ကြိုးစားကျက်ဖြစ်သည် ။

ကျန်တဲ့နေ့တွေကတော့ အိပ်လိုက် စားလိုက် ကစားလိုက်နဲ့ အချိန်ကိုအသုံးချ၏ ။

သူတို့လိုမျိုး အတင်းတွေစိတ်ဖိစီးခံပြီး ကြိုးစားမနေဘဲ စိတ်အပန်းဖြေဖို့ အချိန်လည်းထားရမည်မဟုတ်လား ။

" Seok ငါတို့ကျောင်းပြေးရအောင်လား "

" ဘယ်သွားကြမလဲ "

" ဘယ်သွားရင်ကောင်းမလဲ "

" တစ်ခွက်လောက်သွားသောက်ကြည့်ကြမလား "

" ဟုတ်တယ် ဒါဘဲ ငါတို့လည်းအသက်ပြည့်နေပြီမလား"

" Junလုံး မင်းရော ဘယ်လိုထင်..."

သူတို့နှစ်ယောက်ကသာ ဘယ်သွားမယ် ဘာလုပ်မယ်တိုင်ပင်နေကြတုန်း မုန့်တွေနဲ့ငြိမ်နေခဲ့တဲ့ Junလုံးကတော့ လွယ်အိတ်လွယ်ပြီး အခန်းပြင်တောင်ရောက်နေပြီ ။

" သွားကြမယ်လေ
မင်းတို့ဝယ်တိုက်နော် ဟီး "

အစားအသောက်နဲ့ ဒီလိုမျိုးတွေဆို မျက်လုံးတွေအရောင်လက်ပြီး ပိုက်ဆံထုတ်စိုက်ဖို့ဆို မသိချင်ယောင်ဆောင်နေတတ်သည့် Junလုံးကို သူတို့ကဘဲ ဒကာခံရဦးမည်ဖြစ်သည် ။

" အီး ရား "

" မြန်မြန်တက်ကွာ "

" ငါလည်း အင့် တက်နေတာဘဲကို အီး "

ကျောင်းနောက်ဘက်က အုတ်နံရံကိုကျော်တက်ဖို့အတွက် တအီးအီးတအားအားနဲ့ ခက်ခဲနေသည့် Junလုံးကို Baekhyunee နဲ့ Seokလေးတို့က တွန်းတင်ပေးနေကြခြင်းပင် ။

အမှန်တော့ သူတို့နှစ်ယောက်က ကျောင်းအပြင်ဘက်ကို ရောက်ပြီးသော်လည်း တော်တော်နဲ့ရောက်မလာသည့် Junလုံးကြောင့် တစ်ဖက်ကိုပြန်ခုန်တက်ပြီး ဖင်ကနေဝိုင်းပင့်တင်ပေးနေရတာ ။

အစတည်းက ပြည့်ပြည့်လေးဖြစ်နေတဲ့Junလုံးက Zhang Yixingကောင်းမှု အကြောင်းပြုပြီး ပိုလုံးတစ်လာသည်မို့

My Little Zhang Where stories live. Discover now