" အား! "

" ဟီးဟီး ထ ထ "

လန့်ဖျန့်ပြီးနောက်ပြန်လဲကျတော့ လက်ထဲကယုန်ကိုချပြီး သူ့ကိုလာဆွဲထူကာ တဟီးဟီးနဲ့သဘောတွေကျနေတာကိုကြည့်ပြီး စိတ်မဆိုးရက်တော့ ။

" Junလုံးလေးကစတာ စိတ်မဆိုးရဘူးနော် ဟီး
စိတ်မဆိုးဘူးမလား "

" နောက်တစ်ခါ မစရတော့ဘူးနော် "

" ဟုတ်ကဲ့ပါ
ဒါနဲ့လေ အဲ့ယုန်လေးကိုမွေးလို့ရမလား "

" ဘယ်ကမှန်းမသိတာကို
တော်ကြာ ရောဂါပိုးတွေရှိနေရင် ဘယ့်နှယ့်လုပ် "

သူပြောတော့လည်း နှုတ်ခမ်းလေးထော်ပြီး ခေါင်းငုံ့သွားတာ ။ ပွစိပွစိနဲ့ဘာတွေပြောနေမှန်းမသိတာက ယုန်မမွေးခိုင်းလို့ သူ့ကိုပြန်စိတ်ဆိုးသွားသည်လား ။

ဒီကလေးလေးကို အလိုကျဖြစ်စေချင်ပေမယ့်လည်း ဘယ်ကရောက်လာမှန်းမသိ ခေါ်မွေးထားလိုက်လို့ ချောင်းဆိုးချွဲကျပ်တာတွေ နေမကောင်းတာတွေဖြစ်လာရင် ဒီကလေးဘဲခံရမှာ ။

ဒါကြောင့် ဘာအကောင်မှမမွေးစေချင် ...
ပြီးတော့ သူ ဒီယုန်ကို အမြင်ကတ်သည် ။ 🙂

" ကဲပါ အဝတ်အစားသွားလဲ
ပြီးရင် night outထွက်ကြမယ် "

အိမ်ကထွက်လာစတုန်းက ညိုးနွမ်းသလိုမျက်နှာလေးပေမယ့် အခုကျတော့လည်း စားသောက်နေလိုက်တာများ နှုတ်ခမ်းဘေးတွေမှာပါပေပွလို့ ။

ပဲခေါက်ဆွဲတွေကိုကြေညက်အောင် ဝါးနေဟန်မို့ ဆွဲဖျစ်ချင်စရာပါးဖောင်းဖောင်းလေးတွေက လှုပ်စိလှုပ်စိ ။

" စားလို့ကောင်းလား "

" အွင်း "

ပလုပ်ပလောင်းနဲ့ပါးစပ်ထဲ အပြည့်ဖြစ်နေတော့ မပီမသနဲ့ပြန်ဖြေတာက အသည်းယားစရာကောင်းသည် ။

အအေးသောက်လိုက် ပဲခေါက်ဆွဲစားလိုက်နဲ့ ... သူ့အအေးကုန်သွားပြန်တော့လည်း သွားလေးစိရယ်ပြပြီးတော့ Yixingအအေးခွက်ကို လှမ်းကြည့်နေတာ ။

" ယူ ယူ "

" ဟိ"

မမှီမကမ်းနဲ့ခွက်ကိုလှမ်းယူနေတော့ Yixingကိုယ်တိုင် ရှေ့တိုးပေးလိုက်၏ ။

My Little Zhang Onde histórias criam vida. Descubra agora