" သွားလို့ရပြီ "
တည်တံ့တဲ့မျက်နှာထားနဲ့ သူ့အမိန့်အောက်မှာ Junလုံးလေးကိုကြည့်ပြီး ချစ်စရာကောင်းတယ်လို့ တွေးနေပုံရမည့် ကောင်မလေးက ... ခေါင်းဆက်ဆက်ငြိမ့်ပြပြီး သွက်သွက်ပဲထွက်သွားသည် ။
သဝန်တိုတာမျိုးရယ်တော့ မဟုတ်ပေမယ့် ဒီကောင်လေးအပေါ် ကလေးလေးတစ်ယောက်လို အလိုလိုက်ချစ်ပေးတာကလွဲပီး ဒီလောက်ထိအနီးကပ်ဂရုစိုက်ပေးတာမျိုးတော့ ရှိမနေစေချင်ပါ ။
" ဘယ်ကယုန်လေးလဲ "
" မသိဘူးလေ ဟိုးးးနားလေးမှာတွေ့လို့
ဒီကိုခေါ်လာတာ "
ခြံရှေ့ဘက်ကို လက်ညိုးထိုးပြသည့် ပိစိရဲ့ဆံပင်ပျော့ပျော့တွေက လေအဝေ့မှာ ဝဲခနဲ ... မသိမသာမွေးကြူတော့ ခပ်သင်းသင်းနဲ့ခံစားမိတာ ချယ်ရီရနံ့လိုလို ။
" ယုန်လေးကချစ်ဖို့ကောင်းတယ်နော် "
" အင်း မင်းလေးလည်းချစ်ဖို့ကောင်းတယ် "
အိစက်နေတဲ့ပါးဖောင်းဖောင်းလေးကို ဖွဖွဆွဲတော့ မကြိုက်ဘူးဆိုတဲ့ပုံစံနဲ့ ခေါင်းရှောင်သွားသေးတာ ။
" ဦးZhang နမ်းကြည့် "
" ဟင် "
" နမ်းကြည့်ဆို "
" တကယ်. နမ်းရမလား "
" အင်း နမ်းကြည့် "
ပြေပြေလေးရဲသွေးနေတဲ့ စတော်ဘယ်ရီလိုနှုတ်ခမ်းလေးဆီ ဖြေးဖြေးချင်းတိုးကပ်သွားရင်း မျက်ခွံကိုအသာလေးပိတ်ထားလိုက်ရင်း ...
နှာခေါင်းထဲဝင်လာတဲ့ ခပ်စူးစူးက တစ်စုံတစ်ခုရဲ့အမွှေးလိုလို ...သူ့နှုတ်ခမ်းတွေနဲ့လာကပ်တဲ့အရာက အနည်းငယ်စိုစွတ်နေသလို ... ပြီးတော့ အောက်နှုတ်ခမ်းမှာ အကိုက်ခံလိုက်ရသလို ။
မှေးပိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်အကြည့်မှာ တိုစိပ်စိပ်မျက်တောင်တွေကာရံထားမယ့် ဝိုင်းစက်နေတဲ့မျက်ဝန်းတွေအစား ပြူးတူးပြဲတဲနဲ့မျက်လုံးနီနီကြီးက သူ့မျက်နှာနားမှာ ။
နူးညံ့နေမယ့်နှုတ်ခမ်းသားတွေအစား ရိုက်ချိုးချင်စရာကောင်းတဲ့ သွားနှစ်ချောင်း ။
💕 8 💕
Start from the beginning
