" မစနဲ့ မကြိုက်ဘူး! "
" အင်း အင်း
နောက်တစ်ခါမစတော့ဘူးနော် "
အရည်ကြည်တချို့ဝေ့သီနေသေးတဲ့ ဝိုင်းစက်စက်မျက်စောင်းနဲ့ လက်ပိုက်ပြီးပြောတဲ့အသေးလေးကို အယောင်ယောင်အမှားမှားနဲ့ ခေါင်းဆက်ဆက်ငြိမ့်ပြသည့်Sehunကိုကြည့်ပြီး သူပြုံးမိလိုက်သေး၏ ။
" ပြန်မယ် ဦးZhang "
" အင်း ပြန်ကြမယ် "
" နေဦး ဦးလေးSehunမလား
သူများသားသမီးကို အဲ့လိုတွေလိုက်မစပါနဲ့ ... လူကြီးလူကောင်းက အဲ့လိုမလုပ်ရဘူး ...
ငရဲကြီးလိမ့်မယ် သိတယ်မလား "
သုံးလေးလမ်းလောက်လှမ်းပြီးမှ ပြန်လှည့်လာပြီး Sehunကိုကြည့်ကာ လူတတ်ပုံစံလေးနဲ့ဆုံးမသလို လူကြီးစကားပြောသွားသော ပိစိလေး ။
" နောက်မှတွေ့မယ် Sehun "
" အင်း "
တစ်စီးစနှစ်စီးစကျော်တက်သွားတဲ့ကားတွေရှိပေမယ့် စက်သံမှလွဲ၍တိတ်ဆိတ်နေသော ကားလေးတစ်စီးသည် ပုံမှန်အရှိန်နှင့်သာရွေ့လျားနေသည် ... ကားနောက်ခန်း၌အိပ်ပျော်နေသော ကောင်လေးသည် စိတ်ရှုပ်စရာပါတီပွဲကြောင့် ပင်ပန်းနေဟန်ရှိခဲ့၏ ။
လမ်းချိုးတစ်ခုကိုအကွေ့ ရုတ်တရက်စက်ရပ်သွားသည့်ကားကြောင့် Yixingဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ... အိမ်ရောက်ဖို့ကလည်း သိပ်မလိုတော့တာမို့ ဦးလေးမင်ကိုဖုန်းဆက်မခေါ်တော့ဘဲ ကားထားခဲ့ပြီးလမ်းလျှောက်ရန်သာ ဆုံးဖြတ်လိုက်သည် ။
အိပ်ပျော်နေတဲ့အသေးလေးကိုတော့ သာသာလေးမချီကာကျောပေါ်တင်ပြီးနောက် ခက်ခက်ခဲခဲဖြင့်အိမ်ပြန်ရောက်ခဲ့၏ ။
" အစ်ကိုလေး ဒီကိုပေးပါ "
" ရတယ် ဦးလေးမင် "
အိမ်အဝင်ဝနားမှာ သူ့ကိုစောင့်နေပုံရတဲ့ဦးလေးမင်က ကျောပေါ်မှအသေးလေးကို လွှဲယူဖို့လုပ်တော့ သူခေါင်းခါပြလိုက်၏ ... အပေါ်ထပ်အခန်းဆီရောက်သည့်တိုင် အနောက်မှလိုက်လာသည့် ဦးလေးမင်က အခန်းတံခါးဖွင့်ပေးသည် ။
" ကျေးဇူးတင်ပါတယ် နားပါတော့ "
နည်းနည်းလေးမှမနိုးလာတဲ့အသေးလေးကို ကုတင်ပေါ်သာသာလေးချပေးလိုက်တော့ ကျောဘက်ကအောင့်ခနဲ ... ညဝတ်အိပ်နေကျ pajamaလေးကိုလဲဝတ်ပေးပြီးတော့ သူပါအသေးလေးဘေးနားဝင်လဲလိုက်သည် ။
💕 7 💕
Start from the beginning
