" အင့် "
လက်ရဲဇက်ရဲနဲ့လူကြီးက ဆွဲဖက်ပစ်တာအကြမ်းပတမ်း ... တွန်းထိုးရုန်းကန်ပေမယ့် အင်အားကမမျှ ... Junလုံးလေးက သွက်သွက်လက်လက်နဲ့စွာကျယ်ကျယ်လေးရှိပေမယ့် နဂိုအားငယ်တတ်တာမျိုးမို့ ငိုချင်လာပြီဖြစ်သည် ။
" ကိုယ်က သူ့ထက်ပျော်အောင်ထားပါ့မယ်ကွ "
" အဟင့် ဗြဲ... "
" ဟိတ် ဟိတ် ဘာလို့ငိုတာ
မငိုနဲ့လေ ဟေ့ "
အကူအညီမရှိလို့ ဝမ်းနည်းစိတ်နဲ့ငိုချပစ်လိုက်မှ အထိတ်တလန့်နဲ့ ပခုံးပေါ်ကလက်တွေကို ဖြုတ်ချပေးသည် ။
" Zhang Yixingရေ မြန်မြန်လာဟ "
" Ooh Sehun မင်းကွာ! "
Junလုံးလေးတို့ဆီလာနေတဲ့ Yixingကို Sehunကထပ်လှမ်းခေါ်တော့ အသည်းအသန်နဲ့ပြေးလာရင်း သူ့ကိုကျစ်သတ်သည် ။
" တိတ် တိတ် ပိစိ "
Sehunရင်ခွင်ထဲကအသေးလေးကို Yixingပြန်ဆွဲခေါ်လိုက်ပေမယ့် ဘယ်အချိန်ထဲက မမှီ့တမှီဆွဲဆုပ်ထားမှန်းမသိတဲ့ Sehunဆံပင်တွေကို အသေးလေးကလွှတ်မပေး ။
" အ့ Yixing နေဦး
ငါ့ ငါ့ဆံပင် အိုး နာတယ် "
" ပိစိ လွှတ်ပေးလိုက်နော် "
" အင့် မလွှတ်ဘူး "
" အို့ အားး "
ပြောကာမှပိုဆွဲလိုက်တာကြောင့် မျက်ရည်ပေါက်ကြီးတွေနဲ့အသေးလေးရယ် တအိုးအိုးတအားအားနဲ့Sehunရယ် Sehunဆံပင်တွေကြားထဲက အသေးလေးလက်တွေကိုဖြည်ချနေရတဲ့ Yixingရယ် ။
လူအများကြီးနဲ့ပွဲလယ်မှာ ကိုးရို့ကားယားဖြစ်နေတဲ့ Sehunတို့ကိုဝိုင်းကြည့်ပြီး တိုးတိုးတစ်မျိုး ပေါ်တင်တစ်မျိုးရယ်နေကြ၏ ။
" လွှတ်ပေးလိုက်နော် လိမ္မာတယ် "
မနည်းချော့မော့ပြောမှ ဆံပင်တွေကိုလွှတ်ပေးလိုက်ပေမယ့် တအင့်အင့်ရှိုက်နေတဲ့အသေးလေးက Sehunကိုဘုကြည့်ကြည့်နေသေးတာ ... သူ့ခေါင်းသူပြန်ပွတ်ရင်း မျက်နှာလည်းရဲနေတဲ့Sehunကတော့ ရှက်နေပုံရသည် ။
" Ooh Sehunတဲ့ ကိုယ့်သူငယ်ချင်းပါ
ပိစိမှန်းသိလို့ တမင်စလိုက်တာနဲ့တူတယ် "
💕 7 💕
Start from the beginning
