" သွားလို့ရပြီ "

" သူဌေးက မလိုက်တော့ဘူးလား "

" ဟုတ်တယ် ဒီနှစ်တော့မလိုက်ဖြစ်တော့ဘူး
ကောင်လေးလည်းရှိနေတာနဲ့ "

" အာ...သိပါပြီ "

အလုပ်စားပွဲပေါ်မှာတင်ထားတဲ့ ဘောင်ခတ်ထားသည့်ဓာတ်ပုံကိုကြည့်ကာ တောက်ပသောမျက်ဝန်းညိုတွေနဲ့ပြောတော့ အခြေအနေကိုနားလည်ဟန်ရှိတဲ့ အတွင်းရေးမှူးလေးက ပြုံးစိစိလုပ်ပြီးပြန်ထွက်သွားသည် ။

ထို့နောက် ရှေ့မှာရှိနေတဲ့ဖိုင်တွေထဲက နှစ်ချုပ်စာရင်းကိုတွက်ချက်ပြီး အသစ်လုပ်မည့်ပရောဂျက်အတွက် အကောင်းဆုံးဖြစ်အောင် ဟာကွက်မရှိစေရန် စစ်ဆေးရသည် ။

နောက်ဆုံးအလုပ်ကိုအပြီးသတ်နောက် နာရီကိုကြည့်တော့ ညနေ၄နာရီခွဲနေပြီဖြစ်သည် ... အချိန်အတော်ကြာထိုင်ရလို့ ညောင်းချိနေပြီဖြစ်တဲ့ ခန္ဓာကိုယ်ကိုဘယ်ညာစောင်းလှည့်ရင်း အကြောဆန့်လိုက်၏ ။

အနားမှာရှိတဲ့အပေါ်ကုတ်ကို ဆွဲယူထပ်ဝတ်လိုက်ရင်း ကားပါကင်ဘက်ကိုဆင်းလာခဲ့တော့ ... လမ်းမှာတွေ့တဲ့ဝန်ထမ်းတွေဆီက မွေးနေ့ဂုဏ်ပြုစကားကို ထပ်တလဲလဲကြားခဲ့ရသေးသည် ။

ခါတိုင်း ရုံးနဲ့အိမ်ကိုနာရီဝက်လောက်သာမောင်းရပေမယ့် ဒီနေ့ကျမှ ကားလမ်းကအကြာကြီးပိတ်နေတာကြောင့် Yixingတော်တော်လေး ဒေါသထွက်နေပြီဖြစ်သည် ။

အလုပ်ကနေအသေးလေးရဲ့ ကျောင်းကိုဝင်ကြိုပြီး ညစာသွားစားဖို့လုပ်ထားပေမယ့် ကြန့်ကြာနေတဲ့ကားလမ်းကြောကြောင့် စိတ်ကူးထားသလိုမဖြစ်နိုင်တော့ ။

တော်တော်လေးကြာမှ ရှင်းသွားတဲ့ကားတွေကြောင့် Yixingအိမ်ပြန်ရောက်တဲ့အချိန်က ညနေ၅နာရီခွဲကျော်နေပြီ ... ခြံထဲကားထိုးရပ်လိုက်တာကိုတွေ့တဲ့ ဦးလေးမင်က လက်ထဲကအိတ်ကိုလာဆွဲယူ၏ ။

" ပိစိကျောင်းကပြန်ရောက်ပြီလား "

" ရောက်ပါပြီ အစ်ကိုလေး

" အမယ်လေး အမေရေ
အား အ ပူတယ် "

" ဘာသံတွေလဲ ဦးလေးမင်"

" ဟို အဲ့ဒါက အစ်ကိုလေးဘဲသွားကြည့်လိုက်ပါ "

ခေါင်းကုတ်ဘာကုတ်နဲ့ ဦးလေးမင်က ဖြေရခက်နေပုံ ... အသံကြားရာမီးဖိုချောင်ဘက်ကို ကိုယ်တိုင်သွားကြည့်တော့မှ Yixingခေါင်းနပန်းကြီးသွားရသည် ။

My Little Zhang Where stories live. Discover now