ဦး သို့မဟုတ်​ ဒယ်​ဒီ

4.5K 588 78
                                    

ချန်​​ယောလ်​ မ​နေ့ညက ဦးနဲ့ရန်​ဖြစ်​ထားသည်​မို့ ဒီ​နေ့တွင်​​တော့ ​ကျောင်းကို ကိုယ့်​စက်​ဘီးနဲ့ကိုယ်​ပဲ လာခဲ့ရသည်​။

ခါတိုင်း​နေ့​တွေမှာ ဦးက သူအလုပ်​မသွားခင်​ ကျွန်​​တော့်​ကိုလမ်းထိပ်​မှာ ​ကားနဲ့ရပ်​​စောင့်​တယ်​ ။ ကျွန်​​တော်​က အိမ်​က​နေ ​ဖေ​ဖေတို့မရိပ်​မိ​အောင်​ စက်​ဘီးနဲ့ထွက်​လာတယ်​ ။ လမ်းထိပ်​​ရောက်​မှ ​ကျွန်​​တော့်စက်​ဘီးကို ဦးကား​နောက်​ခန်းထဲ ထည့်​ပြီး မနက်​တိုင်း ဦးနဲ့အတူတူ ​ကျောင်းသွားတယ်​ ။

အိမ်​ကလူကြီး​တွေမသိ​အောင်​ ဦးနဲ့ခိုးတွဲရတဲ့အဖြစ်​က ချန်​​ယောလ်​အတွက်​​တော့ သည်းထိတ်​ရင်​ဖိုဇာတ်​လမ်းရိုက်​​နေရသလိုပဲ ။

ချန်​​ယောလ်​သ​ဘောအတိုင်းသာဆိုရင်​ ​ဖေ​ဖေတို့ကိုပွင့်​ပွင့်​လင်းလင်း​ပြောပြလိုက်​ချင်​​ပေမယ့်​ ဦးက​တော့ မျက်​နှာပူ​နေပုံရသည်​။ ချန်​​ယောလ်​ ​ကျောင်းပြီးမှ သူလူကြီးစုံရာနဲ့ ​သေချာလာ​တောင်းမယ်​တဲ့ ။ အခု​တော့ ဒီလို​လေးပဲ ဆက်​​နေကြရ​အောင်​တဲ့​လေ ။
ဘယ်​လိုပဲလုပ်​လုပ်​ ချန်​​ယောလ်​က​တော့ အဆင်​​ပြေပါတယ်​။
အကုန်​ ဦးသ​ဘောအတိုင်းပဲ လုပ်​​ပေးမှာ ။
ချန်​​ယောလ်​က ဦးကို အရမ်းချစ်​တာပါ 😪

ဒါ​ပေမယ့်​ ဦးက​တော့ ချန်​​ယောလ်​ချစ်​သ​လောက်​လဲ ပြန်​မချစ်​သလိုပဲ ။ ချန်​​ယောလ်​ကပဲ အရမ်းချစ်​လွန်းလို့ မတင်းတိမ်​နိုင်​တာလား​တော့မသိ​ပေမယ့်​ ဦးချစ်ပုံချစ်​နည်းကို ချန်​​ယောလ်​ အားမရပါဘူး ! (︺︹︺)

အခုပဲကြည့်​ပါလား? ရန်​ဖြစ်​တာ​တောင်​ လူကြီးဖြစ်​ပြီး သူက စအ​လျှော့​ပေးမယ်​မရှိဘူး ။ ​ကျောင်း​တောင်​လိုက်​မပို့ဘူး ။ :')
မပို့လည်း​နေ​ပေါ့ ။ သူ့မှာတင်​ ကားရှိတာကျ​နေတာပဲ ။
ချန်​​ယောလ်​မှာလည်း ကိုယ်​ပိုင်​စက်​ဘီးရှိပါတယ်​ :')

ကိုယ့်​စက်​ဘီးနဲ့ကိုယ်​ ကိုယ့်​အားကိုယ်​ကိုးမယ်​ ။

ည​နေ​ကျောင်းဆင်းချိန်​တွင်​​တော့ ​ကျောင်း​ရှေ့မှာ ဦးရဲ့ကားရပ်​ထားတာကို ချန်​​ယောလ်​မြင်​သားပဲ။
ဒါ​ပေမယ့်​ တ​နေကုန်​ ဖုန်းတချက်​​တောင်​မဆက်​ပဲ ပစ်​ထားတာကို မ​ကျေနပ်​တာမို့ မမြင်​ချင်​​ယောင်​​ဆောင်​ပြီး ကိုယ့်​စက်​ဘီးကိုယ်​နင်းကာ သူ့​ကား​ဘေးက​နေ ဖြတ်​စီးသွားလိုက်​တယ်​ ။

ချန်​​ယောလ်​၏ "ဦး"Where stories live. Discover now