ဦးမှမချစ်​ရင်​ ဘဝပျက်​သွားနိုင်​တယ်​ ~

4.6K 543 71
                                    

"ဦး "

"........"

"ဦး​ရေ "

"......."

ချန်​​ယောလ်​ကိုဂရုမစိုက်​ပဲ phoneကိုသဲကြီးမဲကြီးကြည့်​​နေ​သော ဦးကို ချန်​​ယောလ် ကြာ​တော့ စိတ်​မရှည်​ချင်​​တော့ပါ။
ပုံစံကိုက ချန်​​ယောလ်​ မုန့်​ဝယ်​​ကျွေးဖို့ အတင်းဂျီကျလို့ မ​ကောင်းတတ်​လို့သာ (ချန်​​ယောလ်​ မိဘ​တွေနှင့်​ ပုခုံးဖက်​​ပေါင်းလာတဲ့သူငယ်​ချင်းဖြစ်​​နေလို့သာ ) မ​ကျွေးချင်​​ကျွေးချင်​ ​စေတနာမပါပဲ လိုက်​​ကျွေးရတဲ့ပုံစံနဲ့။

"ဦးလို့ !!"

ခေါ်​နေတာမကြားဘူးလား?
ချန်​​ယောလ်​ထက်​ အသက်​ထက်​ဝက်​​လောက်​ကြီး​ပေမယ့်​ နား​​တော့မ​လေး​​သေးဘူးမလား ဦး​ရေ ~

ကျစ်​!

ချန်​​ယောလ်​အတင်း​အော်​​ခေါ်​တော့ စုတ်​တချက်​သတ်​ရင်း မျက်​လုံးတချက်​လှန်​ကြည့်​တယ်​။ စိတ်​မရှည်​သလို ​ဘာလဲဟူ​သောအ​မေးနှင့်​ ​မေးတချက်​ဆတ်​ပြ​တော့ ချန်​​ယောလ်​ဘာပြန်​​ပြောရမှန်းမသိ။

ပြောစရာစကားက​တော့ မယ်​မယ်​ရရမရှိပါဘူး ဦး​ရေ ~
ဒီအတိုင်း ဦးလို့​ခေါ်ပြီး "ချစ်​တယ်​ ချစ်​တယ်​ ချစ်​တယ်​ ..."လို့ မရိုးနိုင်​​အောင်​ ​ပြောချင်​တာပဲရှိတာ ~

"​ပြော​လေ ချာတိတ်​​ "

"ဦးမှာ လက်​ရှိ ချစ်​သူမရှိဘူးမလား ?"

ချန်​​ယောလ်​လိုရာဆွဲပြီး ​မေးလိုက်​သည်​။
မရှိပါ​စေနဲ့....မရှိပါ​စေနဲ့ ထပ်​ခါထပ်​ခါ စိတ်​ထဲမှ​ရွေရွတ်​ဆု​တောင်း​နေရင်း ဦးမျက်​နှာကို အကဲခတ်​မိသည်​။ ဒီအချိန်​မှာ ချန်​​ယောလ်​အဖြစ်​ချင်​ဆုံးက ​မှော်​ပညာတတ်​လိုက်​ချင်​သည်​။
ချန်​​ယောလ်​သာ ​မှော်​တတ်​ရင်​ ဦးမျက်​လုံး​တွေကို ညှို့ယူပြီး "ဦးမှာ လက်​ရှိချစ်​သူမရှိ...ဦး ချန်​​ယောလ်​ကို ချစ်​တယ်​ " ဟူ၍ ဦးရဲ့နှုတ်​မှ အလိုအ​လျောက်​ ​ရေရွတ်​​စေမည်​။

ဦးက ချန်​​ယောလ်​ရဲ့အ​မေးကို မ​ဖြေ​သေးပဲ စဉ်းစားဟန်​ဖြင့်​ ချန်​​ယောလ်​ကိုသာ စိုက်​ကြည့်​​နေသည်​။
လက်​ရှိချစ်​သူရှိမရှိစဉ်းစားတာ ဒီ​လောက်​ကြာရလား ဦး​ရေ။
ဦးဟာ ဥာဏ်​လည်းမ​ကောင်းဘူးထင်​ရ >_<

ချန်​​ယောလ်​၏ &quot;ဦး&quot;Where stories live. Discover now