ဦး​ပေး​သော အ​ဖြေ

3.9K 687 82
                                    

"​ကျောင်း​ရောက်​ပြီ..​ဆင်း​တော့ ..မြန်​မြန်​"

ကျောင်းဂိတ်​​ပေါက်​ဝ​လမ်း​ဘေးကားကိုထိုးရပ်​လိုက်​ပြီး ချန်​​ယောလ်​ကို အတင်းဆင်းခိုင်း​နေပြန်​တဲ့ ဦး ။ :3

ချန်​​ယောလ်​ စိတ်​​ပေါက်​​ပေါက်​နဲ့ မဆင်းပဲ ​ပေပြီးထိုင်​​နေလိုက်​တယ်​။

"ဆင်းဆို ....အစည်းအ​ဝေးရှိတယ်​ ချာတိတ်​ရ"

"လူထက်​ပဲအစည်းအ​ဝေးကအ​ရေးကြီးရဦးမလား?"

ချန်​​ယောလ်​ မျက်​နှာတည်​တည်​နဲ့ ဦးဘက်​ကိုလှည့်​ကြည့်​ပြီး ​ပြောလိုက်​​တော့ ဦးက နားမလည်​​သည့်​မျက်​နှာထားနဲ့ပြန်​ကြည့်​​နေတယ်​။

ဦးက ပိန်းဥဘုရင်​ကြီးပါပဲ :3

ဒီဦး​နှောက်​နဲ့ Companyကြီးကို ဦးဘယ်​လိုစီမံအုပ်​ချုပ်​​နေသလဲ? ချန်​​ယောလ်​​တွေး​တွေးပြီး ချန်​​ယောလ်​တ​နေ့ပိုင်​ဆိုင်​ရမယ့်​ Wu Group ကြီးရဲ့​အနာဂတ်​​ရှေ့​ရေးအတွက်​ ရင်​​လေးရတယ်​ ..😪
ဦးရဲ့​ဘေးမှာ အကြံ​ပေးရမယ့်​ ဥာဏ်​ကြီးရှင်​ချန်​​ယောလ်​​လေးရှိမှကို ဖြစ်​​တော့မှာပါ 😞

ဦးအတွက်​မဟုတ်​ရင်​​တောင်​ Wu Groupကြီးရဲ့အနာဂတ်​အတွက်​ ဦး ချန်​​ယောလ်​ကို လက်​ထပ်​မှကို ဖြစ်​မှာပါ 😔

"ဘာ​ပြောချင်​တာလဲ ချာတိတ်​​ရေ....ကိုယ်​မအားဘူးလို့ "

"ဦး "

"​ပြော....မြန်​မြန်​ "

"ဒီကားထဲမှာ စိတ်​​ကောက်​​နေတဲ့ က​လေး​လေးတ​ယောက်​ကို မ​တွေ့မိဘူးလား ? "

ချန်​​ယောလ်​​ပြော​တော့ ဦးက စိတ်​မရှည်​သည့်​အထာနှင့်​ ချန်​​ယောလ်​​ရဲ့ကားထို​င်​ခုံခါးပတ်​ကို လှမ်းဖြုတ်​​ပေးလိုက်​တယ်​..​ပြောချင်​တာက ဆင်း​တော့​ပေါ့:')

ခါးပတ်​ဖြုတ်​​ပေးလိုက်​​ပေမယ့်​လည်း ချန်​​ယောလ်​ မဆင်း​သေးပဲ ဆူ​ကောက်​ပြီး ထိုင်​​နေလိုက်​တယ်​။

"ဦး ကျွန်​​တော့်​ကို ဘယ်​အချိန်​ထိ ကြိုးရှည်​ရှည်​နဲ့ လှန်​ထားမှာလဲ ? "

ချန်​​ယောလ်​၏ "ဦး"Where stories live. Discover now