မူနိုင်​လွန်းသူ ဦး

4K 579 43
                                    

ကိုယ့်​ကိုယ်​ကို ကံအ​ကောင်းဆုံးလူလို့ ဘယ်​အခါမျိုးမှာ သတ်​မှတ်​ကြမလဲ ?

ချန်​ယောလ်​က​တော့ ကိုယ်​ချစ်​​နေရသူကို အလိုရှိတိုင်းphoneဆက်​ခွင့်​​ရလိုက်​တဲ့အချိန်​မှာ ကမ္ဘာ​ပေါ်ကံအ​ကောင်းဆုံးလူသားစာရင်းဝင်​ဖြစ်​သွားပြီလို့ခံစားလိုက်​ရတယ်​။

"09×××××××××"
(ချန်​​ယောလ်​၏ဦးအား ​​ဖုန်းဆက်​​နှောင့်​ယှက်​ခြင်းကို ချန်​​ယောလ်​မလိုလား၍ ဤ​နေရာတွင်​ ဦး၏ဖုန်းနံပါတ်​အား ​ဖျောက်​ထားသည်​ (◑_◑) ...ချန်​​ယောလ်​သည်​ ချစ်​သူမဖြစ်​ခင်​ကပင်​ ဦးအား သဝန်​တိုတတ်​​သော ချစ်​စရာ​ကောင်​​လေးပင်​ဖြစ်​ပါသည်​ ≧◔◡◔≦)

ဦးက အရမ်းစကားတည်​သည်​ ။ ​ယောကျာ်းစကားပီသစွာ သူ​ပေးသည့်​ကတိအား တည်​လွန်းသည်​။ ချန်​​ယောလ်​ဖုန်းဆက်​တိုင်း ကိုင်​သည်​။ ချန်​​ယောလ်​​ပြောသမျှနား​ထောင်​​ပေးသည်​။ တခါတ​လေ စကားပြန်​​ပြောသည်​။

အလိုလိုက်ခံရ​​​သောက​လေး ပိုဆိုးသည်​ဟု ဦးက ချန်​​ယောလ်​အား​ပြောသည်​။ ချန်​​ယောလ်​သည်​ ဆိုးသွမ်း​နေ​သော က​လေးမဟုတ်​! >_<

ဦးဆီဖုန်းဆက်​ခွင့်​ရပြီးကတည်းက ချန်​​ယောလ်​ အိပ်​ရာနိုးလျှငိအိပ်​ရာနိုးပြီဖြစ်​​ကြောင်း ဦးကိုအရင်​ဆုံး ဖုန်းဆက်​​ပြောသည်​။
တခါတ​လေ ချန်​​ယောလ်​အိပ်​ရာ​စော​စောထသည့်​​နေ့များတွင်​ ဆက်​မိပါက တဖက်​ဖုန်းလိုင်းမှ ဦးရဲ့အိပ်​ချင်​မူးတူးအသံကိုကြားခွင့်​ရသည်​။ အိပ်​ချင်​​နေသည့်​ကြားမှ သက်​ပြင်းခဏခဏချလျက်​ ချန်​​ယောလ်​​ပြောသမျှကို အင်း အဲ သာ ပြန်​​ဖြေ​သော ဦး၏အသံသည်​ အရမ်းအသည်းယားစရာ​ကောင်းသည်​။ ချန်​​ယောလ်​ရဲ့မနက်​ခင်းတိုင်းကို  ဦးရဲ့အိပ်​ချင်​မူးတူးအသံ​လေးနဲ့နိုးထချင်​သည်​။ ≧◔◡◔≦

ချန်​​ယောလ်​​ကျောင်းနားချိန်​များတွင်​လည်း ခါတိုင်းလိုBaekhyunတို့နှင့်​စကား​ပေါမ​နေ​တော့ပဲ အချိန်​ကိုအကျိုးရှိစွာ အသုံးချသည့်​အ​နေဖြင့်​ ဦးအား ဖုန်းဆက်​သည်​။ (ˆ▽ˆ)
ဒီအချိန်​ဆို ဦးကလုပ်​ငန်းခွင်​ထဲ​ရောက်​​နေသည့်​အချိန်​ဖြစ်​​တတ်​သည်​။ ဒီအချိန်​မျိုးဆို ဦးက " phone speakerဖွင့်​ထားမယ်​..မင်း​ပြောချင်​တာ​ပြော....ငါအလုပ်​ဆက်​လုပ်​မယ်​...ငါအရမ်းအလုပ်​များ​နေတယ်​​နော်​ ချာတိတ်​! " ဆိုပြီး အနည်းငယ်​မာထန်​​နေ​သော ​လေသံနှင့်​ ​ပြောတတ်​သည်​။
ဒါ​ပေမယ့်​လည်း ချန်​​ယောလ်​က​တော့ ဆက်​​ပြောတာပဲ ≧◔◡◔≦
ဦးပြန်​​ပြောချင်​​ပြော မ​ပြောချင်​​နေ ....ချန်​​ယောလ်​နဲ့ဦးကြားမှာ ​လေလှိုင်းဆက်​သွယ်​မှု​လေးရှိ​နေတာကိုက ချန်​​ယောလ်​အတွက်​ ရင်​ခုန်​စရာပဲ (◠‿◠)
အိုး....ဦးနဲ့ပတ်​သက်​ရင်​ အရာရာတိုင်းက ရင်​ခုန်​စရာ​တွေချည်းပါပဲ ~

ချန်​​ယောလ်​၏ &quot;ဦး&quot;Where stories live. Discover now