ယနေ့ ဦးကို ချန်ယောလ် ဖွင့်ပြောမည်။
မစောလွန်းဘူးလားလို့ မမေးသင့်ပါ ။
ဦးသည် ချန်ယောလ်ထက် ၁၅နှစ်ကြီးသည်။ချန်ယောလ် လူ့လောကသို့ရောက်မလာသေးသော အချိန်၁၅နှစ်အတွင်း ဦးအား ချစ်ရေးဆိုထားသူမရှိဘူးဟု ဘယ်သူမှ အာမမခံနိုင်ပါ ။ အချိန်သည် အရေးကြီးသည်။ ဦးအား ဖွင့်ပြောရန် ချန်ယောလ်သည် ၁၅နှစ်ခန့် နောက်ကောက်ကျကျန်နေပြီဖြစ်သည်။ ထို့ကြောင့် အချိန်မစွဲသင့်ပဲ အမြန်ဆုံးဖွင့်ပြောလိုက်တာ ကောင်းသည်။
ချန်ယောလ်အား မည်သူမှ မတားမြစ်သင့်!! ✖ယနေ့သည် အချိန်ကောင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဖေဖေက အလုပ်မအား၍ ကျွန်တော် လမ်းထိပ်ထွက်ကာ ဘတ်စ်ကားစောင့်နေစဉ် ဦးမောင်းလာသောကားနဲ့တွေ့သောကြောင့် ဦးက ချန်ယောလ်အား လမ်းကြုံတင်ခေါ်လာခြင်း။ အခု ချန်ယောလ်သည် ဦးနှင့်ဘေးကပ်လျက်ထိုင်ခုံတွင် ကြည်ကြည်နူးနူး ပီတိဖြာလျက် လိုက်ပါလာရသည်။တသက်လုံးကားစီးလာတာ သည်လောက် ပီတိဖြာစရာကောင်းမှန်း မသိခဲ့။ ဦးဘေးမှာ ထိုင်နေ၍ဖြစ်မည်။တကိုယ်လုံး ပူရှိန်းရှိန်းဖြင့် ရင်ခုန်သံတွေက တဒိန်းဒိန်းကျယ်လောင်စွာ မြည်ဟီးလျက်။
တချက်တချက် ဦးကို ခိုးကြည့်ရတာ ပျော်စရာကောင်းသည်။
ဦးသည် ရှေ့တည့်တည့်ကကြည့်လျှင် တည်ကြည်ခံ့ညားသလို ဘေးတိုက်ကြည့်လျှင်လည်း သရက်သီးပုံစံ မေးစေ့ချွန်ချွန်နှင့် နှာတံကစင်းနေသည်။ရှေ့ကကြည့်ကြည့် ဘေးကကြည့်ကြည့် အနောက်ကကြည့်ကြည့် ချောမောသော ချန်ယောလ်၏ "ဦး"ဖြစ်ပါသည်။ ဒီလောက်တောင် ခံ့ညားလှတာ ။ ချန်ယောလ်တွေးမိသည်။ ဦးသည် ဇောက်ထိုးကြည့်လျှင်လည်း ချောမြဲချောစဲသာ ဖြစ်ပါလိမ့်မည်။≧◔◡◔≦