ချန်ယောလ် စာကြည့်စားပွဲမှာထိုင်နေတာ အတော်ကြာပြီ ။
စာကြည့်စားပွဲပေါ်မှာ ဒီနေ့ တီချယ်သင်လိုက်တဲ့စာတွေဆိုတာ တပုံကြီး ။ ချန်ယောလ် စာကြည့်မျက်မှန်လေးတပ်ပြီး ကုလားထိုင်ကိုကျောမှီလျက် ကိစ္စ တခုကို အသည်းအသန် ထိုင်စဉ်းစားနေတာ ။အခန်းထဲကို မကြာခင် နွားနို့လာပို့ပေးမယ့် မေမေမြင်ရင်တော့ သူ့သားလေး စာတွေအသည်းအသန်ထိုင်စဉ်းစားနေတယ်ထင်ရော့မယ်။ မျက်မှန်ကို hyperဆန်ဆန် လက်ချောင်းလေးနဲ့ပင့်တင်လိုက် ...လက်ထဲက ဘောပင်ကိုကိုက်လိုက်နဲ့ စဉ်းစားနေပေမယ့် ဘောပင်အဖုံးသာ ရစရာမရှိအောင် ပိန်လိန်သွားတယ် ။ ချန်ယောလ် စဉ်းစားနေတယ့်အဖြေ မထွက်သေးဘူး ။ :3
ချန်ယောလ် တွေးနေတာ ။
"ဦးက ချန်ယောလ်ကို ဘာလို့ ပြန်မချစ်တာလဲ ?"
ချန်ယောလ် ရုပ်ဆိုးလား ?
သူများမေးရင် ရုပ်ဆိုးတယ်ဖြေနေကြမှာစိုးလို့ ချန်ယောလ် ကိုယ့်ဟာကိုယ်ပဲ မှန်ဘက်ကို လှည့်ကြည့်ပြီး အကဲဖြတ်လိုက်တယ်။
"မင်း အရမ်း ချောတယ် ...ပတ်ချန်ယောလ် ..."
"အေး...ငါ သိတာပေါ့ ...ငါက ချစ်စရာလည်း ကောင်းတယ်"
ဆိုတော့ ဦးမချစ်ရတဲ့အကြောင်းရင်းတွေထဲမှာ ဖြစ်နိုင်ချေ 0.000001 % လောက်တောင် မရှိတဲ့ "ချန်ယောလ် ရုပ်ဆိုးသည် " ဟူသော အချက်ကို ထိပ်ဆုံးကနေ ပယ်ချမယ်။
ဦးရယ်....တချို့လူတွေက ရုပ်ချောတာ ရှိမယ် ...တချို့က ချစ်စရာကောင်းမယ်....ရုပ်ချောပေမယ့် ချစ်မွှေးမပါပဲ အမြင်ကတ်စရာကောင်းနေတာလည်းရှိမယ်...ချစ်စရာကောင်းပေမယ့် ရုပ်မချောတာမျိုးလည်းရှိမယ်...
ဒါပေမယ့် ချစ်စရာကောင်းပြီး ရုပ်လည်းချောတဲ့ နှစ်ခုလုံး ပြည့်စုံလွန်းတဲ့ ချန်ယောလ် ကိုကျ ဘာလို့ ပြန်မချစ်ရတာလဲ?
ဦးက ငမိုက်သားပဲ 😪