"ဦးနှင့်ပတ်သက်သော Diary အမှတ် (၁)"
📝ဝူရိဖန် သည် ချန်ယောလ် ၏ ဦး ဖြစ်သည်
တနေ့ ဝူရိဖန် ကို ချန်ယောလ် ပိုင်ရမည်
ဝူရိဖန် နှင့် ချစ်သူဖြစ်လျှင် "ဦး" ဟုခေါ်မည် 📝ပုံ/ "ဦး"ကို ကြွေဆင်းနေသော ပတ်ချန်ယောလ်လေး
(မှတ်ချက် - ချန်ယောလ်လေးသည် ချစ်စရာကောင်းသည်။ထို့ကြောင့် ဦးနှင့်အလွန်လိုက်ဖက်သည်။)
Date-10.4.2018
အင်္ဂါနေ့။စာကြွင်း ( ဦးသည် ဖေဖေ့သူငယ်ချင်းဖြစ်သည် ။ )
**********
ချန်ယောလ် ရေးလက်စ Diaryစာအုပ်လေးကို ပိတ်ပြီး စာကြည့်စားပွဲ အံဆွဲထဲသို့ထည့်ကာ လုံလုံခြုံခြုံသိမ်းထားလိုက်သည်။ချန်ယောလ်ရင်ထဲက "ဦး" အကြောင်း စာလုံးများကို မေမေတွေ့သွား၍မဖြစ်။ မေမေသိလျှင် ချန်ယောလ်အဆူခံရနိုင်သည်။
"ယောလ်ရေ.....မထသေးဘူးလား? ဒီကလေး "
"ထပြီ မေမေရေ......ယောလ်ဗိုက်ဆာပြီ!"
အခန်းထဲသို့ မေမေဝင်လာမှာစိုး၍ ချန်ယောလ် စာအုပ်ကိုအမြန်သိမ်းလိုက်ပြီး အိပ်ရာထစအဝတ်အစားနှင့်ပင် အိမ်အောက်ထပ်သို့ပြေးဆင်းသွားလိုက်သည်။ အိမ်အောက်ထပ်ရှိ ထမင်းစားခန်းတွင် မေမေသည် အရသာရှိသောမနက်စာများကိုချက်ပြုတ်နေသည်။ ချန်ယောလ်ဗိုက်ဆာဆာဖြင့် တယောက်တည်းဝင်စားနေလိုက်သည်။
"ဟဲ့....ယောလ်.....မစားနဲ့ဦး....လူစုံမှစားလေ .."
"မေမေကလည်း သားဗိုက်ဆာပြီလို့ "
မေမေ့ရှေ့မှာ ဆူကောက်ထိုင်နေလိုက်ပြီး မေမေ့အလစ်မှ ပန်းကန်ထဲမှ ကိတ်တခုအား ကောက်စားနေလိုက်သည်။