ချစ်​လွန်းလို့ ရူးသွားရင်​ တာဝန်​ယူပါ ဦး

4.5K 544 62
                                    

နေ့လယ်​ ထမင်းစား​ကျောင်းဆင်းပြီး ပြန်​တက်​တက်​ချင်း စာသင်​​ချိန်​​လေးဟာ ချန်​​ယောလ်​အတွက်​ မတရားငြီး​ငွေ့ဖွယ်​ရာအတိဖြစ်​​နေတယ်​။ အတက်​အကျမရှိတဲ့ ​လေသံမှန်​မှန်​နဲ့​စာရှင်းပြ​နေတဲ့ဆရာရဲ့အသံက "က​လေး​ချော့​တေး"​လေးလို ချန်​​ယောလ်​ကို ​ချော့သိပ်​​နေသလိုပဲ။
တချက်​တချက်​ ​မှေးစင်းလာတဲ့မျက်​လုံး​တွေ​ကြောင့်​ အ​ရှေ့ကအရပ်​ခပ်​ပုပုဆရာက ချန်​​ယောလ်​ရဲ့အမြင်​အာရုံထဲက​နေ ​ပျောက်​​ပျောက်​သွားတယ်​။
စာသင်​ချိန်​မှာအိပ်​ငိုက်​​နေလို့မဖြစ်​တာမို့ ချန်​​ယောလ်​ ​ခေါင်းကိုခါရမ်းလိုက်​ပြီး စိတ်​အာရုံတို့ကိုပြန်​လည်​စုစည်းလိုက်​တယ်​။ သို့​ပေမယ့်​လည်း မျက်​လုံး​တွေက ​မှေးစင်း​နေစဲ ။
ဘေးဘီဝဲယာက Baekhyunနဲ့ Sehunကို ချန်​​ယောလ်​အကဲခတ်​ကြည့်​မိတယ်​။

Baekhyunက စားပွဲခုံ​ပေါ်​မေး​ထောက်​လျက်​ ဆရာ့ကို လှမ်းကြည့်​​နေတယ်​။ ကြည့်​​နေတာလား အိပ်​​နေတာလား သူ့မျက်​လုံး​မှေး​မှေး​တွေက မသဲကွဲ​စေဘူး။ Baekhyunကို အားကျတာ အဲ့တခုပဲ။ နဂိုကတည်းက မျက်​လုံးခပ်​​မှေး​မှေးဆို​တော့ စာသင်​ချိန်​မှာ အိပ်​​နေလဲ ဆရာကမရိပ်​မိဘူး။ ဘုရား​ပေးတဲ့ ဆုလာဘ်​ပဲ ~
ချန်​​ယောလ်​က​တော့ အရင်​ကတည်းက မျက်​လုံးပြူးတယ်​ဆို​တော့ အိပ်​ချင်​တိုင်း ခိုးအိပ်​မရဘူး :(

အားတက်​လိုတက်​ငြား ချန်​​ယောလ်​ Sehunကို လှည့်​ကြည့်​မိတယ်​ ။ အမယ်​ ~ ဒီ​ကောင်​က ​ဘောပင်​တ​ချောင်းနဲ့ စာအုပ်​ထဲမှာ လိုက်​​ရေး​နေပါ့လား။
ချန်​​ယောလ်​ သူ့စာအုပ်​ကိုလှမ်းကြည့်​မိတယ်​။ Sehunရဲ့ ဗလာစာအုပ်​မှာ ဘာအဓိပ္ပါယ်​မှန်းမသိရတဲ့ စာလုံး​တွေ ~ တီ​ကောင်​လိုအတွန့်​​လေး​တွေရယ်​ အ​ချောင်း​လေး​တွေရယ်​ မညီမညာစက်​ဝိုင်း​တွေ​ရော ~ ​သေချာပါတယ်​ Sehunလည်း အိပ်​ငိုက်​ပြီး ​ရေး​ချင်​ရာ​လျှောက်​​ရေး​နေတာ​နေမှာ။
Oh Sehunကွ ~ ချန်​​ယောလ်​သူငယ်​ချင်းပီသတယ်​~
တ​ယောက်​အိပ်​ချင်​​နေရင်​ ​နောက်​တ​ယောက်​ကပါ အိပ်​ငိုက်​​နေရမယ်​ ~ သစ္စာ​ဖောက်​ပြီး စာလိုက်​မှတ်​တယ်​ဆိုတာ ချန်​​ယောလ်​တို့သူငယ်​ချင်းအုပ်​စုမှာ မရှိ !

ချန်​​ယောလ်​၏ "ဦး"Where stories live. Discover now