အသည်းကို​ခြွေယူသူ ဦး ~

4.3K 563 57
                                    

လူ့ပြည်​က ​မြေပြင်​မှာ ​ထောင်​ထားတဲ့အပ်​ထိပ်​ဖျားနဲ့ နတ်​ပြည်​က​နေ သိကြားမင်းလွှတ်​ချလိုက်​တဲ့ အပ်​ထိပ်​ဖျားသာ ထိချင်​ထိသွားမယ်​။ ဦးက​တော့ ချန်​​​ယောလ်​ကို ဒီတသက်​ပြန်​ချစ်​မှာ မဟုတ်​ဘူး ~

ဒရာမာဆန်​ဆန်​ ​ကောင်းကင်​ကြီးကို​မော့ကြည့်​ပြီး ချန်​​ယောလ်​ရင်​ထဲက ချစ်​စကား​တွေကို လမင်းကြီးက​နေတဆင့်​ ဦးထံသို့ အမှာ​ပါးမိတယ်​။

ဖိုး​ရွှေလမင်းကို ​အောင်​သွယ်​ခိုင်းချင်​မိတယ်​ ။

ရွှေလင်​ဗန်းကြီးနဲ့ထည့်​ထားတဲ့ ထမင်းဆီဆမ်း​ပေးပါလို့ ငယ်​ငယ်​ကလို လမင်းကြီးကို မ​တောင်းဆိုဘူး ။

ကျက်​သ​ရေအဖြာဖြာပြီးပြည့်​စုံတဲ့ဦးကိုသာ ချန်​​ယောလ်​ကို​ပေးပါ။

ဦးမှာရှိတဲ့​ရွှေဆွဲကြိုး​တွေ စိန်​လက်​စွပ်​​တွေအကုန်​ချွတ်​ထားခဲ့ ။ အဝတ်​တထည်​ကိုယ်​တခုနဲ့ ဦးကို ချန်​​ယောလ်​က ရင်​ဘတ်​ကြီးနဲ့ ကြိုဆိုမှာ ။ :')

မိုက်​မဲ​လေသူ ဦး ~
ရင်​ဘတ်​ကြီးနဲ့အပြည့်​ အချစ်​​တွေ  ဗုံး​ဗောလ​အော​ပေး​နေတဲ့ချန်​​ယောလ်​ကို ပစ်​ခွာပြီး မိန်းမယူချင်​သူ ဦး ~
မုန်းပစ်​မယ်​ ...(╥﹏╥)

ခက်​တာက "ဦးကို မုန်းတယ်​ " ဆိုတဲ့စကားတခွန်း​တောင်​ အပြည့်​အစုံထွက်​ရမှာ ဝန်​​လေး​နေတဲ့ ချန်​​ယောလ်​ရဲ့အဖြစ်​။
မုန်းတယ်​လို့​ပြောရမှာ ရင်​နာလှတယ်​ ဦး​ရေ :(
မိန်းမယူမယ်​ဆိုရင်​​တောင်​ မမုန်းရက်​ဘူး ಥ_ಥ

"ဟင်း.....အဲ့ဒီအရည်​​တွေပဲ ကျ​နေ ....ဟိုမှာ မနက်​ဖြန်​ ဦးက မိန်းမယူဖို့ သွား​တွေ့​တော့မယ်​ ...မင်းဘယ်​လိုလုပ်​မလဲ ပတ်​ချန်​​ယောလ်​ရဲ့ !! "

ဲကြင်​ရာဖက်​​တွေ့မယ့်​ပွဲကို ပြဿနာရှာပြီး သွားဖျက်​ဖို့ကလည်း မဖြစ်​နိုင်​ ။ ဒီလိုအကြမ်းပတမ်း​တွေလုပ်​ရင်​ ဦးက ချန်​​ယောလ်​ကို ပိုပိုပြီး အမြင်​ကတ်​​နေ​တော့မှာ ಥ_ಥ
အလိုလိုမှ မချစ်​ရတဲ့ကြားထဲ (╥﹏╥)

********

ကိုယ်​လုံး​ပေါ်မှန်​​ရှေ့ရပ်​ပြီး နက်​ခ်​တိုင်​ကို ​သေ​သေသပ်​သပ်​စည်း​နှောင်​လိုက်​သည်​။ နက်​ပြာ​ရောင်​ဝတ်​စုံပြည့်​နှင့်​ တန်​ဖိုးကြီးနာရီကိုလက်​မှာပတ်​လိုက်​ပြီး နဖူး​ပေါ်ဝဲကျ​နေ​တဲ့ဆံစတချို့ကို သပ်​တင်​လိုက်​​တော့ ခံ့ညားလှစွာ​သော C.E.O Wu Yifan၏ပုံရိပ်​က ​ကြေးမုံပြင်​မှာ ထင်​ဟပ်​လာသည်​။

ချန်​​ယောလ်​၏ "ဦး"Where stories live. Discover now