ချန်​​ယောလ်​ကိုပဲ ကြည့်​ပါ ဦး

3.8K 567 44
                                    

ချန်​​ယောလ်​ အတန်းထဲကို ဝင်​လာ​တော့ Oh Sehunက phoneကို သဲသဲမဲမဲ စိုက်​ကြည့်​​နေတယ်​။ ချန်​​ယောလ်​ သူ့နား​ရောက်​လာတာ​တောင်​ မသိပဲ ငြိမ်​ပြီး ကြည့်​​နေတာမို့ ချန်​​ယောလ်​ သူ့ဖုန်းကို ကဲကြည့်​မိတယ်​ ။

ဟင်​ ? ဦးရဲ့ဓာတ်​ပုံ​တွေ ~
အဖြူ​ရောင်​အ​နောက်​တိုင်းဝတ်​စုံနဲ့ ခံ့ညားချင်​တိုင်း ခံ့ညား​နေတဲ့ဦးရဲ့ ပုံရိပ်​​ဖမ်းယူချက်​​တွေ ။
နေစမ်းပါဦး ။ သူက ဘာလို့ ဦးရဲ့ ဓာတ်​ပုံ​တွေကို ဒီ​လောက်​​တောင်​ စိုက်​ကြည့်​​နေရတာလဲ ? :3

"Sehun ...မင်း​ရော ဦးကို ကြိုက်​​နေပြန်​ပြီလား ? "

ချန်​​ယောလ်​အ​မေးစကားကြားကာမှ အလန့်​တကြား ဖုန်းကို​ကောက်​သိမ်းလိုက်​တဲ့Oh Sehunဟာ သံသယဝင်​စရာ​ကောင်းတယ်​။
မေးတာကိုပြန်​မ​ဖြေပဲ အသားလွတ်​ လာရယ်​ပြ​နေတဲ့ Oh Sehunကို ချန်​​ယောလ်​ နှာ​ခေါင်းရှုံ့ပြီး ကြည့်​​နေလိုက်​တယ်​။ Smell .....သံသယဝင်​စရာ အ​ငွေ့အသက်​​တွေပဲ :3

"ဘာလုပ်​​နေကြတာလဲ ကိုယ့်​လူတို့ "

မြောက်​ကြွ​မြောက်​ကြွနဲ့ အတန်းထဲဝင်​လာတဲ့ Byun Baekhyun က ကျွန်​​တော်​နဲ့ Oh Sehunရဲ့ပုခုံးတဖက်​ဆီကို အ​နောက်​က​နေ သိုင်းဖက်​ထားတယ်​။ ဟင်း....ရည်းစားလုဘက်​​လေး....:')
အချစ်​ဆုံးသူငယ်​ချင်း​လေးမို့ မ​ပြောရက်​လို့ ဘာလုပ်​လုပ်​ ရပ်​ကြည့်​​နေပါတယ်​​နော်​ ~

"Sehun​​လေ...ဦးဓာတ်​ပုံ​တွေကို ...အု "

အလျင်​အမြန်​ပါးစပ်​ကိုလာအုပ်​တဲ့Sehunရဲ့လက်​ဝါးတဖက်​​ကြောင့်​ ချန်​​ယောလ်​​ပြောမယ့်​စကား​တွေ ဝူးဝူးဝါးဝါးသာထွက်​လာ​တော့တယ်​ ။ ချန်​​ယောလ်​တို့နှစ်​​ယောက်​ဖြစ်​ပျက်​​နေပုံ​ကို Baekhyunက သံသယမျက်​လုံး​တွေနဲ့ လာကြည့်​​နေပြန်​​တော့ Sehunက ချန်​​ယောလ်​ရဲ့ပါးစပ်​ကိုအုပ်​ကိုင်​ပြီး အခန်းအပြင်​ကို ဆွဲ​ခေါ်သွားတယ်​ ။

အမျိုးသားသုံးToiletထဲ​ရောက်​ခါမှ ချန်​​ယောလ်​ကို လွှတ်​​ပေးပြီး သူ့ဘာသာ သက်​ပြင်း​တွေ ချ​နေတယ်​။

"Oh Sehun....ဘာလုပ်​တာလဲ ဒါ !"

"​ဟင်​......ရှူး​ပေါက်​ချင်​လို့ ...တ​ယောက်​တည်း..မသွားရဲ​တော့....သရဲ​ကြောက်​လို့....အဲ့ဒါ.....ဟီး "

ချန်​​ယောလ်​၏ "ဦး"Where stories live. Discover now