" ဟုတ် "

💕💕💕💕💕💕

ဘယ်သူမှမရှိတဲ့...အိပ်ခန်းကြီးထဲက နှစ်ယောက်အိပ်ကုတင်ပေါ်မှာ...ဟိုဘက်ဒီဘက်လှိမ့်ရင်း...စာအုပ်ကိုစောက်ထိုးကိုင်ပြီး Junလုံးလေးစာကျက်နေတယ် ။

ဖြူဥနေတဲ့...ခြေထောက်သေးသေးလေးတွေကလည်း ကုတင်ခေါင်းရင်းပေါ်ကို...ကားယားကြီးလှမ်းပစ်တင်ထားတယ် ။

တပ်နေကျမျက်မှန်အဝိုင်းလေးက ကိုင်းတစ်ဖက်ကနားအပေါ်မှာ...ကျန်တဲ့တစ်ဖက်က နားအောက်မှာဖြစ်ပြီး...ရွဲ့စောင်းနေတယ် ။

အညိုရောင်ဆံပင်ပျော့ပျော့တွေကလည်း...လက်ချောင်းဖောင်းဖောင်းလေးတွေရဲ့...ထိုးဖွခံရမှုနဲ့ ဖွာလန်ကြဲနေပြီ ။

နှုတ်ခမ်းရဲရဲလေးတွေက...ဆူထော်နေပြီး
တစ်ခါတစ်ခါအလိုမကျသလို... မျက်မှောင်ကြီးကြုတ်လာတတ်သေးတယ် ။

အရောင်စုံကာလာတွေနဲ့...ရေးမှတ်ထားတဲ့ စာရွက်တွေကလည်း...ဘေးပတ်ပတ်လည်မှာ ပြန့်ကြဲရှုပ်ပွနေတာဘဲ ။

" အားးး ခေါင်းကိုက်တယ်
မသိဘူး...မကျက်တော့ဘူးဟာ! "

အသံကိုစူးနေအောင်အော်ကာ လက်ထဲကစာအုပ်ကို...အပေါ်ထောင်ပစ်ပြီး မှောက်ခုံကြီးနဲ့...ဖင်ဘူးတောင်းထောင်နေပစ်လိုက်တယ် ။

အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲအတွက် စာနည်းနည်းပိုများလာပြီး...ခါတိုင်းည၇နာရီကနေ ၈နာရီအထိဘဲကျက်ပေမယ့်...အခု၈နာရီခွဲအထိကျက်ရတယ် ။

မိနစ်၃၀ကြီးများတောင် စာပိုကျက်ရလို့...Junလုံးလေး ခေါင်းကိုက်နေပြီ ။

" ဗိုက်ဆာလိုက်တာ "

ဦးZhangကလည်း ပြန်မလာသေးလို့...Junလုံးလေးက ညစာစားဖို့စောင့်နေရတယ် ။

ဂြီ...

ခပ်ကျယ်ကျယ်မြည်လာတဲ့အသံကြောင့် အခန်းထဲဝင်လာတဲ့ Yixingက...သူ့ဗိုက်သူပြန်ကြည့်လိုက်တယ် ။

" ငါ့ဆီကလား? "

" ဦးZhangပြန်လာပြီ...
အဝတ်အစားမြန်မြန်လဲနော်...ရေနောက်မှချိုးတော့
ထမင်းစားဖို့ စောင့်နေမယ် "

အခန်းပေါက်ဝက Yixingကိုမြင်တော့...Junလုံးလေးကမနားတမ်း ပြောတယ် ။

My Little Zhang Hikayelerin yaşadığı yer. Şimdi keşfedin