" သွားရအောင် Xing "
ကျန်ရစ်ခဲ့တဲ့ကျောင်းတော်ကြီးဆီမှ အားကျသလိုအကြည့်တို့ကို နောက်ကြည့်မှန်မှတစ်ဆင့် တွေ့မြင်ရတော့ စိတ်ထဲကြိတ်ပြုံးမိသည်...။
ဘယ်လောက်ဘဲမချစ်ဘဲ ယူထားရပါစေ
အခုလက်ရှိမှာ ဦးZhangက Junလုံးရဲ့ယောက်ျားမဟုတ်လား ။
ထို့ကြောင့်...မဖြစ်သင့်တာမဖြစ်ရအောင် အိမ်ထောင်ရေးမထိခိုက်အောင် Junလုံးကကာကွယ်ရမည် ။
ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားနေတုန်း
ဘေးမှာကားမောင်းနေတဲ့လူကြီးက ပြုံးရိပ်သန်းနေတဲ့ မျက်ဝန်းတွေနဲ့ကြည့်နေတာ ။
" ဘာကိုသဘောကျနေတာလဲ "
" ဟင့်အင်း "
ခပ်တည်တည်နဲ့ပိတ်ဟောက်လိုက်ပေမယ့် ပြုံးတုန့်တုန့်နှင့် ပြန်ဖြေလာတာကြောင့် ကိုယ့်ဘက်ကသာစိတ်ကိုလျော့ချရသည်...။
တော်တော်ပြုံးနိုင်တဲ့လူကြီး !
" ခုနကသဝန်တိုတာလား "
" ဘာ!
ဘယ်...ဘယ်သူကလဲ ဖြစ်ရမယ် ဟား "
စနောက်သလိုမေးတာမှန်းသိပေမယ့် ဘာအကြောင်းနဲ့ စကားထစ်ရလဲ ကိုယ်တိုင်ကနားမလည် ။
" ခုနကနာမည်လေး သဘောကျတယ် "
Xingလို့ ခေါ်တာလေး "
" ..... "
" အသေးလေးထက်စာရင် ကိုယ်ကအသက်ကြီးပေမယ့်...
ရုပ်ခံကနုတော့ အစ်ကိုလို့ခေါ်လည်း...အင်း
စိတ်ဆိုးစရာအကြောင်းမရှိပါဘူးလေ "
အမယ်လေး Junလုံးလေးရဲ့ ယောက်ျား CEO Zhang Yixingက လိပ်ကြီးဟ! 😩
" နုပြီးရင် နူတော့မလား ☹ "
" အမ်! ဘာပြောတာလဲ အသေးလေး "
ဘေးကဖြတ်သွားတဲ့ကားသံတွေရော တဟူးဟူးတိုက်နေတဲ့လေတွေကြောင့်နဲ့ထင် Junလုံးပြောတာ ကြားလိုက်ပုံမရ ။
မကြားတာလည်းကောင်းပါတယ် တော်ကြာ ကားပေါ်ကကန်ချခံရမှ ကိုယ်ဘဲလမ်းလျှောက်ပြန်နေရမယ် 😥
" ဦးZhangလို့ခေါ်တာဘဲ ကောင်းပါတယ် "
" အဟမ်း! သဘောပါ "
" ဒီတစ်ခေါက် ပိတ်ရက်ကျရင် မားတို့ဆီ
သွားလည်ရအောင် "
💕 5 💕
Start from the beginning
