ရေစိုနေတဲ့ဆံပင်ကြားထဲ လက်နဲ့ထိုးဖွရင်း ပုလဲလုံးလိုဖြူဖွေးနေပြီး ညီညာနေတဲ့သွားတန်းတွေပေါ်အောင် ရယ်နေပြန်သည်...။

" အ "

ခပ်လှမ်းလှမ်းမှာဆော့နေတဲ့ ကလေးတစ်သိုက် ပြေးလွှားရင်းကနေဝင်တိုက်မိတော့ ကိုယ့်ဘက်ယိုင်ထိုးကျလာတာမို့ အမြန်လှမ်းဖမ်းရသေးသည်...။

" ရလား "

" အင်း ရတယ် "

" အား "

ကိုယ့်ဆီကနေရုန်းထွက်ပြီး သဲသောင်ပြင်ဘက်ဆီလျှောက်တော့ ခုနကတိုက်မိသည့်အချိန် ခြေခေါက်သွားပုံရသည်...။

" ဘာဖြစ်တာလဲ "

" ခြေထောက်က နာ...တယ် "

မျက်နှာရှုံ့မဲ့နေတဲ့အသေးလေးခြေထောက်ကို ဒူးထောက်ထိုင်ချပြီး ဆွဲယူကြည့်တော့ အလန့်တကြားဖြစ်သည်...။

" ခြေခေါက်သွားတာနဲ့တူတယ်
လမ်းလျှောက်နိုင်လား "

" နာ.နေ.တယ် "

ငုံ့ကြည့်ပြီးပြောတဲ့အသေးလေးရှေ့ ကျောပေးဒူးထောက်ထိုင်ပေးလိုက်သည်...။

" တက် "

တော်တော်နဲ့တက်မလာတာကြောင့် အနောက်ကိုအသာပြန်လှည့်ကြည့်တော့ မျက်လုံးပြူးပြီးအံ့ဩနေပုံနဲ့...။

" ခြေထောက်နာနေတယ်မလား
တက် "

အဲ့ကျတော့မှ
မဝံ့မရဲနဲ့ကျောပြင်ကိုလာထိကပ်တဲ့ ရင်ခွင်သေးသေးလေး

လက်ဖောင်းဖောင်းလေးနှစ်ဖက်က လည်ပင်းတစ်ဝိုက် မထိတထိလာရစ်ပတ်သည်...။

အားနဲ့ကုန်းထလိုက်တော့ တင်းကြပ်သွားတဲ့လက်တွေ
အဟက်!
ပြုတ်ကျမှာတော့ ကြောက်ရှာသား...။

" ဦးZhangနားမှာ မှဲ့လေးရှိတယ်ရော် "

" ကိုင်လို့ကောင်းလိုက်တာ နားရွက်လေးက "

မှဲ့နက်လေးရှိတဲ့ ဘယ်ဘက်နားရွက်ကို လာဆွဲကိုင်ပြီးသဘောကျနေရှာသည်...။

" မလုပ်နဲ့ "

" လုပ်မှာဘဲ "

" မလုပ်နဲ့ဆို "

" ကိုင်ချင်လို့ပါဆို "

သဘောတကျဖြစ်နေရှာတဲ့အသေးလေးက မလုပ်နဲ့ပြောကာမှ ကျန်တဲ့ညာဘက်နားကိုပါ ထပ်ကိုင်ပြီး တဟိဟိနဲ့ရယ်နေသေးသည် ။

" ပစ်ချခဲ့မှာနော် "

" ပစ်ချရင် ဝမ်၁၀၀၀၀တောင်းမှာ "

တမင်စချင်စိတ်နဲ့ ကျောပေါ်က ကိုယ်လုံးလေးကို ချမည်ဟန်ပြင်တော့ ခြေထောက်သေးသေးလေးက ခါးပေါ်မှာအတင်းကုပ်တွယ်ထားတာ ။

" ဟာ...မလုပ်နဲ့
ခြေထောက်နာလို့ပါဆို "

" ငြိမ်ငြိမ်နေစမ်း! အသေးလေး "

" သူများကိုများ အသေးလေးတဲ့
သူကျ ဘယ်လောက်ကြီးတာကျ "

အသေးလေးရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားပေမယ့် ပွစိပွစိဖြစ်နေမယ့် နှုတ်ခမ်းလေးကတော့ ဆူထော်နေဦးလိမ့်မည် ။

💕💕💕💕💕💕

ညစာတွေစားပြီးတဲ့နောက် နေ့လည်ကအတွင်းရေးမှူးဆီမှ မေးလ်နဲ့လှမ်းပို့လိုက်သည့် စာရင်းတို့ကို တစ်ချက်စစ်ကြည့်ရသည်...။

အထွေအထူးတုန့်ပြန်စရာမရှိသည်ကြောင့် လက်စသတ်လိုက်ရင်း အိပ်ဖို့ပြင်တော့ ကုတင်ပေါ်ကအသေးလေးက တစ်ခုခုပြောချင်နေပုံ...။

" ဟိုလေ ခြေထောက်ကနာလို့ အဲ့ဒါ "

ချည်သားဘောင်းဘီရှည်ကို ဒူးခေါင်းထိလိမ့်တင်ပြီး ခြေချင်းဝတ်နားကိုကြည့်တော့ ညိုမဲစွဲနေပြီ...။

လက်နဲ့အသာလှည့်ကြည့်တော့ ဆတ်ခနဲတွန့်ဆုတ်သွားပုံအရ အတော်လေးနာနေတာဖြစ်မည်...။

ဒဏ်ကြေဆေးလိမ်းပေးပြီး အနည်းငယ်နှိပ်နယ်ကာ ပတ်တီးစနဲ့စည်းပေးထားလိုက်သည်...။

" မနက်ကျရင်တော့ သက်သာလောက်မှာပါ "

" ကျေးဇူးတင်ပါတယ် "

" အိပ်ကြရအောင် "

" ဟုတ် "

ကိုယ်တိုင်လှဲချပြီး သိပ်မကြာလိုက် နစ်ဝင်သွားတဲ့တစ်ဖက်မှာ အသေးလေးသည်လည်း အိပ်စက်အနားယူနေခဲ့ပြီ...။

ကုန်ဆုံးခဲ့သည့်တစ်နေ့တာအချိန်က စိတ်ညစ်ရသည်တော့မဟုတ်ပေမယ့် ကလေးထိန်းတစ်ယောက်လို အလုပ်ရှုပ်ခဲ့ရပါသည် ။

TBC-----

ယူတို့ရော ခြေခေါက်ပြီး လမ်းမလျှောက်နိုင်တဲ့အခါမျိုးကျ...ကုန်းပိုးပေး ဆေးလိမ်းပေးမယ့်သူရှိလား...? 😢

My Little Zhang Where stories live. Discover now