ကလေးတစ်ယောက်နှယ် လွတ်လပ်ပျော်မြူးစွာ ဆော့ကစားနေတာမြင်တော့ ပျော်ပါစေဆိုပြီး ခပ်ဝေးဝေးကဘဲ လှမ်းကြည့်နေလိုက်သည်...။

ရေအောက်ထဲငုပ်လိုက် ပြန်မော့လာလိုက်လုပ်နေရင်းမှ ကိုယ့်ကိုမြင်သွားပုံရတဲ့အသေးလေးက ပြန်ပြေးတက်လာသည်...။

ဘာလဲဆိုတဲ့သဘောနဲ့ မေးငေါ့ပြလိုက်တော့ မျက်ဝန်းဝိုင်းဝိုင်းတွေမှိတ်ကျတဲ့အထိ ရယ်ပြလာပြီး...

" မဆော့ဘူးလား "

" တော်ပြီ "

" ဘာလို့လဲ "

" မဆော့ချင်လို့ပေါ့ကွ "

" တူတူဆော့မယ်လေ လာပါ"

ကိုယ့်ဘက်ကသာ ဘောက်ဆတ်ဆတ်ပြန်ပြောနေပေမယ့် အသေးလေးကတော့ ဆော့ဖို့အဖော်လိုချင်နေပုံ...။

အတင်းခေါ်နေရှာသည်...။

" လာပါ လာ "

လက်ကနေမရမကဆွဲခေါ်ကာ ရေထဲတွန်းချပစ်သည်...။

ရေထဲကိုလက်နှစ်ဖက်ယှက်ချတော့ လက်ခုပ်သေးသေးလေးထဲပါလာတဲ့ ရေတွေနဲ့မျက်နှာဘက်ကို လှမ်းပက်သည်...။

ရေထဲကျပြီး ပြန်ထနေတဲ့အချိန် ရုတ်တရက်မို့လန့်ဖျန့်မိတော့ တဟားဟားနဲ့အော်ရယ်ပြန်သေးတာ ...။

" စိန်ခေါ်တာလား "

" မကြောက်တာ ဘလာ ဘလာ! "

လျှာထုတ်ပြောင်ပြပြီး ခါးထောက်ဟားတိုက်နေတဲ့အသေးလေး

သတိမထားမိတဲ့အချိန်မှာ စိမ်းလဲ့နေတဲ့ရေတွေကို ခြေထောက်နဲ့ခတ်ပစ်လိုက်တော့ ခန္ဓာကိုယ်သေးသေးလေးက နောက်ပြန်လဲကျသွားသည်...။

ချက်ချင်းပြန်ထလာပြီး တဗွမ်းဗွမ်းနဲ့လာပြန်ပတ်တာ မရပ်မနား...။

သူတစ်ပြန် ကိုယ်တစ်လှည့်နဲ့ အချိန်အတော်ကြာရေဆော့ပြီးမှ ပြန်တက်ခဲ့ကြသည်...။

" အကျင့်ယုတ်ကြီး လူကိုတအားပတ်တာဘဲ "

" မင်းဘဲ ဆော့ဖို့အရင်ခေါ်တာ မဟုတ်ဘူးလား "

" နှစ်ယောက်တူတူဆော့တော့
ပိုပျော်ဖို့ကောင်းတယ်လေ ဟီး "

My Little Zhang Where stories live. Discover now