ဆံပင်တွေကတစ်ဆင့် ကျဆင်းသွားတဲ့ အဖြူရောင်အမြုပ်တွေက မျက်နှာသေးသေးတစ်ဝိုက်တင်ကျန်သည်...။

ရေအနည်းငယ်နဲ့ ဖယ်ရှားပေးနေရင်း စိုစွတ်နေတဲ့နှုတ်ခမ်းပါးဆီ အကြည့်ရောက်တော့ ဘယ်ဘက်ရင်အုံက တိတ်တဆိတ်လှုပ်ရှား၏ ။

အသေးလေးရဲ့မျက်ဝန်းတွေဘက်ရောက်ရှိနေတဲ့ ကိုယ့်လက်ချောင်းတွေက တဖြည်းဖြည်းနဲ့အောက်ဆင်းလာမိရင်း...

ဟစိစိဖြစ်နေတဲ့နှုတ်ခမ်းပါးကို စက္ကန့်ပိုင်းလောက် ငေးမောမှင်သက်မိသည် ။

" မြန်မြန်လေး စပ်လာပြီဗျ "

ခပ်စွာစွာအသံလေးထွက်လာတော့မှ စိတ်ဝိဉာဉ်ပြန်ကပ်သွားတဲ့သူလိုမျိုး ရေမြန်မြန်လောင်းပေးကာ အမြန်ပြန်ထွက်လာခဲ့ရသည် ။

ပရမ်းပတာဖြစ်နေဆဲရင်ဘတ်ကြီးကို လက်နဲ့အသာဖိပြီး ဖောက်လွှဲဖောက်ပြန်ဖြစ်သွားတဲ့ အသက်ရှူနှုန်းကို ပုံမှန်အနေအထားပြန်ရောက်အောင်

အတော်လေးလုပ်ယူလိုက်ရသည်ကို ထိုအသေးလေး မသိခဲ့ပါ ။

💕💕💕💕💕💕

ပူပြင်းလှတဲ့နွေဦးရာသီမှာ ဂျယ်ဂျူဘက်ကို အပန်းဖြေခရီးထွက်လာကြတဲ့သူတွေက မနည်းမနောမဟုတ်...။

ပင်လယ်ကြီးထဲပုံစံမျိုးစုံနဲ့ ရေကူးနေသူတွေ

စိမ်းလဲ့နေတဲ့ရေပြင်ကို နောက်ခံအလှထားပြီး ကင်မရာရိုက်နေသူတွေ

ကမ်းစပ်နဘေးမှာ လက်ချင်းတွဲထားသည့် တူညီတဲ့ခြေလှမ်းတွေရဲ့ပိုင်ရှင်တွေ

စိတ်အပန်းဖြေစရာ အကောင်းဆုံးနေရာတွေထဲက တစ်ခုမို့ ကိုရီးယားနိုင်ငံသားတွေသာမက အခြားတိုင်းတစ်ပါးက လူမျိုးခြားတွေကိုပါ တွေ့မြင်နေရသည်...။

" ရေးး Junလုံးလေးလာပြီ "

စွပ်ကျယ်အကျႌအဖြူနဲ့ ပေါင်လယ်လောက်သာရှိတဲ့ ဘောင်းဘီကိုဝတ်ထားပြီး ဦးတည်ရာပင်လယ်ဘက်ကို ပြေးသွားတာများ လှမ်းအော်ချိန်တောင်မရလိုက်...။

ချွတ်ချထားခဲ့သည့်ဖိနပ်ကို ကိုယ်တိုင်သာကောက်လိုက်ရင်း ထိုအသေးဆီသို့ ခြေလှမ်းလိုက်သည်...။

My Little Zhang Where stories live. Discover now