💕 3 💕

Mulai dari awal
                                        

Unicode

စိတ်ချမ်းမြေ့ကြည်နူးစရာကောင်းလွန်းတဲ့ ဂျယ်ဂျူရဲ့အလှနဲ့အပြိုင် မနက်ခင်းအလှကို ထပ်မံဖြည့်တင်းပေးထားတဲ့

ကျေးငှက်တို့ရဲ့ တေးသီကျူးသံတို့က နားဝင်ချိုလွန်းလှသည်...။

ကန်ရေပြင်ဘက်မျက်နှာမူထားတဲ့အခန်းမို့ ဝရံတာသို့ထွက်ပြီး စိမ်းလဲ့နေတဲ့ရေပြင်ကျယ်ကြီးကို

စိတ်အာရုံထဲပုံဖော်ကာ လက်နှစ်ဖက်ဆန့်ပြီး လေတစ်ဝကြီးရှူရှိုက်လိုက်သည်...။

" အား...စပ်တယ် "

ဂျယ်ဂျူအလှအပကိုခံစားပြီး စိတ်အပန်းဖြေနေချိန် ဘယ်ကမှန်းမသိတဲ့ အသံတစ်ခုကဖျက်လိုဖျက်ဆီးလုပ်သည်...။

လျစ်လျူရှုပြီး ဘာသိဘာသာနေဖို့လုပ်ပေမယ့် ဆွဲဆွဲငင်ငင်ခေါ်ခံရတဲ့ ကိုယ့်နာမည်...။

" ဦးကျန်းးးး ရေ "

အသံလာရာဘက်လိုက်ရှာကြည့်တော့ ရေချိုးခန်းထဲကဖြစ်ပုံရမည်...။

အခန်းတွင်းထဲပြင်ဝင်ပြီး ရေချိုးခန်းရှေ့ရပ်နေလိုက်တော့...

" Junလုံးလေးကို ခေါင်းလေးရေလောင်းပေးပါလား
ဆပ်ပြာအမြုပ်တွေနဲ့ ဘာမှမမြင်ရတော့လို့ "

ခေါင်းလေးသာပြူထွက်လာပြီး ရေလောင်းပေးဖို့ပြောနေတဲ့ အသေးလေးက မျက်စိထဲဆပ်ပြာတွေဝင်မှာစိုး၍ထင်...။

မျက်လုံးတွေကိုမှိတ်ထားတာများ မျက်ခုံးနှက်ဖက်ထိလုမတတ်...။

ဘာမှပြန်မပြောဘဲ ဒီတိုင်းရပ်နေမိတော့...

" စိတ်မပူနဲ့ ဝမ်၁၀၀၀၀မတောင်းဘူး " တဲ့လေ

နှုတ်ခမ်းလှုပ်ရုံသာပြုံးမိလိုက်ပါသည်...။

" တစ်ခုခုတော့ ဝတ်ထားတယ်မလား "

" အမ်! "

" ခေါင်းရေလောင်းပေးဆို "

" တပတ်ပတ်ထားပါတယ်ဗျ
ရှက်တတ်နေလိုက်တာ အတူတူချင်းတွေကို "

ခဏ! ဒီအသေးဘာတွေပြောနေတာလဲ?

" မြန်မြန်ဝင်ဗျာ စပ်နေပြီဆို "

.

ရေပန်းကိုဖွင့်ချလိုက်ပြီး အသေးလေးခေါင်းပေါ်က ဆပ်ပြာမြုပ်တွေကို ဆေးချပေးလိုက်သည်...။

My Little Zhang Tempat cerita menjadi hidup. Temukan sekarang