ထို့ကြောင့်...

နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ဂျယ်ဂျူမှာသာ ဟန်းနီးမွန်းဖို့ဆုံးဖြတ်ခဲ့ရသည်...။

" အား...ကောင်းလိုက်တာ "

ကြိုတင်မှာယူထားတဲ့ဟိုတယ်အခန်းထဲရောက်တာနဲ့...လက်ထဲကအထုပ်တွေကိုပစ်ချပြီး...ကုတင်အကျယ်ကြီးပေါ် ခြေကားယားလက်ကားယားနဲ့ လှဲချပစ်သည်...။

အသေးလေးလက်ထဲကအထုပ်ဆိုတာလည်း အလာတုန်းကဝယ်ထည့်ခဲ့သည့်...အာလူးချောင်းကြော်နဲ့ အခြားသရေစာမုန့်ထုပ်သာ...။

" မင်းအထုပ်တွေ လာသိမ်းဦး "

အမြင်ကတ်ကတ်နဲ့ ပိတ်ဟောက်ပစ်တော့...မျက်စောင်းဝင့်ပြီး လာကြည့်သည်...။

" သိမ်းမှာပေါ့ ဘယ်လိုဖြစ် "

ကုတင်ပေါ်ကနေ ဆောင့်အောင့်ထလာပြီး...သူ့အထုပ်သူဆွဲကာ ကုတင်အောက်ထဲထိုးထည့်နေပြန်သည်...။

" အဲ့တာဘာလုပ်တာလဲ "

" အထုပ်သိမ်းတာလေ "

" အထုပ်ကို ကုတင်အောက်ထဲထိုးထည့်တာက
သိမ်းတာလား "

"ဟုတ်တယ်လေ အပြန်ကျရင် အကျႌတွေ အိတ်ထဲပြန်ထည့်စရာမလိုတော့ဘူးပေါ့
မဟုတ်ရင် ဗီရိုထဲထည့်လိုက်သွင်းလိုက်နဲ့
အလုပ်ရှုပ်နေဦးမယ် "

ဉာဏ်ကြီးရှင်လေး၏အကြံဉာဏ်အား...
အတူယူချင်စရာကောင်းလှသည်မို့...Yixingဘာမှမပြောလိုတော့...။

တစ်နေ့လုံးပင်ပန်းလာခဲ့သည်မို့ ရေချိုးခန်းထဲဝင်ရန်အတွက်...အကျႌချွတ်ပြီးချိန် တစ်ဖန်ထွက်လာတဲ့အသံသေးသေးလေး...။

" ကျွန်တော့်ကို ဝမ်၁၀၀၀၀ပေး "

" ဘာလို့လဲ "

"ခင်ဗျားမေ့နေပြီလား စာချုပ်ထဲမှာရေးထားတယ်လေ
ကျွန်တော့်အသားကိုထိရင် ဒဏ်ဆောင်ရမယ်ဆိုတာ...
မနက်က မင်္ဂလာပွဲမှာ "

ဆက်မပြောဘဲရပ်နေတဲ့အသေးလေးကို မျက်ခုံးပင့်ပြတော့...မျက်ဝန်းဝိုင်းဝိုင်းတွေက တောင်ရောက်မြောက်ရောက်နဲ့...။

" အဟမ်း...ကျွန်တော့်နဖူးကို ခင်ဗျားထိလိုက်တယ်လေ "

" အဟက် သေချာစဉ်းစားကြည့်ပါ
မနက်က ငါမင်းအသားကိုထိတာမဟုတ်ဘူး
မင်းဆံပင်ကိုဘဲထိတာလေ မဟုတ်ဘူးလား "

ပြန်ချေပလိုက်တဲ့စကားကို စက္ကန့်အနည်းငယ်စဉ်းစားနေရင်းမှ...နားမလည်တဲ့ပုံစံနဲ့ မျက်မှောင်ကြုတ်သည်...။

" မင်းနဖူးကိုထိတယ်ပြောရအောင် ဆံပင်တွေကိုငါဖယ်ခဲ့လို့လား "

ဟုတ်သည်လေ...
အသေးလေးရဲ့အကွက်တွေကြိုမြင်နေလို့ နမ်းတာတောင်နဖူးဘဲနမ်းခဲ့သည့်အပြင်...ဆံပင်ပေါ်ကိုဘဲဖွဖွထိခဲ့တာ...။

" ခင်ဗျား ဒါသက်သက်ညစ်တာ
မသိဘူးဗျာ ဝမ်၁၀၀၀၀ပေး "

"ဘယ်မှာညစ်လို့လဲ
မင်းစာချုပ်ထဲမှာ အသားမထိရဘဲရေးထားတာလေ
ဆံပင်ထိရင်ဒဏ်ဆောင်ရမယ် မပြောထားဘဲ "

Zhang Yixingကို လူလည်ကျလို့ရမည်ထင်သလား...

"မင်းငယ်ပါသေးတယ် အသေးလေးရာ "

အောင်နိုင်သူအပြုံးနဲ့ ရေချိုးခန်းဘက်လှည့်ထွက်ခဲ့တော့...

" အကျင့်မကောင်းတဲ့လူကြီး
အဲ့မှာချော်ကျပါစေ "

ဗုန်း!

" အား ကျွတ် ကျွတ် "

အသေးလေးစကားမှမဆုံးသေး...ရေချိုးခန်းထဲမှာ
ဗုန်းခနဲပစ်လဲကျသွားပြီး တင်ပါးပါအောင့်သွားရသည်...။

" အဟားဟား အဲ့ဒါ အငယ်ကိုအနိုင်ကျင့်လို့ဖြစ်တာ "

ပထမဆုံးမင်္ဂလာဦးညမှာ အငယ်ကိုအနိုင်ကျင့်ရင် ချော်လဲတတ်သည်ဆိုသော သင်ခန်းစာကို Yixing...ရခဲ့သည် ။

TBC-----












My Little Zhang Where stories live. Discover now