ခန်းမအဝင်ဝက သားအဖနှစ်ယောက်ကိုကြည့်ပြီး အသေးလေးတမင်လုပ်နေမှန်း Yixingသိသည် ။
" အ့ appa ဘာလို့ဆိတ်တာ "
ချိတ်ထားတဲ့လက်ကိုမသိမသာလှမ်းဆိတ်ပြီး အရိပ်အခြေပြလိုက်တော့..စူပုပ်ပုပ်နဲ့လှည့်ကြည့်သည်...။
ရပ်စောင့်နေတဲ့သမက်လောင်းဆီ လက်လွှဲပြောင်းပေးတော့...
" အင့် "
ခန်းမအဝင်မှာကောက်ခဲ့တဲ့နှင်းဆီဖက်တွေကို...Mr.Kimလက်ထဲ ထိုးထည့်ပေးသည်...။
မျက်မှန်ကိုလက်ညိုးနဲ့ပင့်တင်ပြီး ချောင်းတစ်ချက်ဟန့်ကာ...Junလုံးလေးလက်ထဲက နှင်းဆီပွင့်ဖက်တွေကို လှမ်းယူလိုက်တဲ့...Mr.Kimက Yixingကို နည်းနည်းတော့အားနာနေတာ အမှန်...။
ပွဲလာဧည့်ပရိသတ်တွေကလည်း...ပြုံးစိစိဖြစ်နေတဲ့မျက်နှာတွေကို...မရယ်မိအောင် ထိန်းထားကြသည်...။
" ဟွန့် "
လက်ဖဝါးသေးသေးလေးကို ဆုပ်ကိုင်လိုက်ပြီး ဖာသာရှေ့တည့်တည့် ယှဉ်တွဲရပ်တော့ အလိုက်သင့်ပြုံးပြတဲ့ဖာသာကို မဲ့ရွဲ့ပြလိုက်သေးတာ ။
ဘာမှန်းမသိတဲ့ဖာသာကြီးကတော့ ခေါင်းသာကုတ်ပြီး အူကြောင်ကြောင်ဖြစ်ခဲ့ရသေးတော့
ဆူပုပ်နေတဲ့Junလုံးလေးအစား Yixingကသာ အားနာနာနဲ့ပြန်ပြုံးပေးရပြန်သည် ။
ထို့နောက်...
လူရှေ့သူရှေ့ ဖာသာရှေ့မှာ...
သစ္စာကတိကဝတ် ပြုခဲ့ကြသည်...
ပိုင်ဆိုင်ခြင်းသင်္ကေတအဖြစ် ငွေရောင်မောင်းကွင်းကို အပြန်အလှန်ဆင်မြန်းပေးခဲ့ကြသည်...
အဆုံးသတ်အနေနဲ့ ဆံပင်ပျော့ပျော့တို့ဖြင့်ဖုံးအုပ်ထားသော...နဖူးပြင်ထက် အကြင်နာတစ်ပွင့် Yixing... ခြွေခဲ့သည်...။
💕💕💕💕💕💕
ကြင်စဦးလင်မောင်နှံနှစ်ဦး၏ ပျားရည်စမ်းခရီးကတော့... အရမ်းကြီးဝေးဝေးလံလံမဟုတ်သည့် ဂျယ်ဂျူသို့သာ ရောက်ရှိလာခဲ့သည်...။
ကျောင်းတက်နေတဲ့အသေးလေးနဲ့ အလုပ်တွေရှိသေးတဲ့ Yixingအတွက်ကတော့...အင်္ဂလန်တို့ ဂျပန်တို့လောက်အထိ ဟန်းနီးမွန်းဖို့ဆိုတာ...သိပ်တော့အဆင်မပြေလှ...။
💕 2 💕
Start from the beginning
