* 👆အရင်ဆုံး ဦးZhangက အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်တဲ့အတွက် အကြီးပီပီ Junလုံးလေးရဲ့ကျောင်းအိမ်စာတွေ အကုန်လုံးကူလုပ်ပေးရမယ် *

" အမယ် ကျောင်းတက်နေတာမင်းလေ...ငါမှမဟုတ်တာ...မင်းစာတွေလုပ်ပေးဖို့မပြောနဲ့...ငါ့အလုပ်နဲ့ငါတောင် အားတာမဟုတ်ဘူး "

စာရွက်ကိုကြည့်ပြီး တစ်ယောက်တည်းမဲ့လိုက်ရွဲ့လိုက်ဖြစ်နေရတာ သူများတွေမြင်ရင် ရူးနေတယ်ထင်နေရော့မည် ။

များပြားလွန်းတဲ့အချက်တွေကို ခပ်မြန်မြန်သာဖတ်နေရင်း...အောက်ဆုံးနားက အချက်တစ်ခု...။

* ခွင့်ပြုချက်မရှိဘဲ Junလုံးလေးရဲ့အသားကိုထိရင် ပြစ်ဒဏ်အနေနဲ့ ဝမ်၁၀၀၀၀ပေးဆောင်ရမည် *

သူ့ဘက်ကထိပါဆိုရင်တောင် ကိုယ့်ဘက်ကလုံးဝအဲ့လိုမလုပ်မှာမို့...ဝမ် ၁၀၀၀၀ ပေးရမည့်ကိစ္စတော့...လုံးဝမရှိနိုင်ပါ...။

ကလေးကုလားတွေရေးထားတဲ့ စာရွက်ကိုကြည့်ပြီး...ခေါင်းသာခါမိသည်...။

ဆုံလည်ကုလားထိုင်ပေါ် ခေါင်းမှီချလိုက်ပြီး...တစ်ပတ်လှည့်လိုက်ကာ...မှန်ခြားထားသည့်နေရာကနေ ဆိုးလ်မြို့ရဲ့အလှကို...ခံစားလိုက်သည်...။

အလုပ်တွေနဲ့ဘဲလုံးပန်းနေရတဲ့ကိုယ့်အတွက်...စိတ်အပန်းဖြေဖို့က ဒီနည်းလမ်းတစ်ခုသာ...။

ရှေ့ဆက်ပြီး အိမ်ထောင်ရှင်တစ်ယောက်ဖြစ်တော့မှာမို့ အလုပ်ပိုကြိုးစားရမည့်အကြောင်းတို့ကိုတွေးရင်း မကြာခင်လက်ဆက်ရမည့် ခင်ပွန်းလောင်းအသေးလေး အကြောင်းတွေးရင်း...။

သေချာသည်က Yixingထိုနေ့ညက အိမ်မပြန်ဖြစ်ပါ ။

💕💕💕💕💕💕

နှင်းဆီပန်းနီနီတို့ ဖြန့်ကြဲချခဲ့သည့်တစ်လျှောက်...လိုက်ဖက်ညီတဲ့ စုံတွဲမောင်နှံတို့က...ရှေ့ကနေကြွမြန်းလာသလို...

ရှေ့မှာကြဲချခဲ့သည့်နှင်းဆီဖက်နီနီတို့ကို...တစ်ဖက်ချင်းစီလိုက်ကောက်နေသည့် Kim JunMyeonကြောင့်...သူနှင့်လက်တွဲချိတ်ထားသည့် Mr.Kimမှာ...

သူကုန်းရင်လိုက်ကုန်းနေရသဖြင့်...အနည်းငယ်တော့ ကို့ယို့ကားယားနိုင်နေသည့် မြင်ကွင်းတစ်ခုပင်...။

My Little Zhang Where stories live. Discover now