💕 2 💕

Mulai dari awal
                                        

Zhang Yixingကို လူလည်ကျလို့ရမည်ထင်သလား...

"မင်းငယ်ပါသေးတယ် အသေးလေးရာ "

အောင်နိုင်သူအပြုံးနဲ့ ရေချိုးခန်းဘက်လှည့်ထွက်ခဲ့တော့...

" အကျင့်မကောင်းတဲ့လူကြီး
အဲ့မှာချော်ကျပါစေ "

ဗုန်း!

" အား ကျွတ် ကျွတ် "

အသေးလေးစကားမှမဆုံးသေး...ရေချိုးခန်းထဲမှာ
ဗုန်းခနဲပစ်လဲကျသွားပြီး တင်ပါးပါအောင့်သွားရသည်...။

" အဟားဟား အဲ့ဒါ အငယ်ကိုအနိုင်ကျင့်လို့ဖြစ်တာ "

ပထမဆုံးမင်္ဂလာဦးညမှာ အငယ်ကိုအနိုင်ကျင့်ရင် ချော်လဲတတ်သည်ဆိုသော သင်ခန်းစာကို Yixing...ရခဲ့သည် ။

TBC-----

Unicode

လာမယ့်အပတ်အတွင်း လက်ထပ်ပွဲနဲ့အလုပ်တွေရှုပ်နေမှာ ကြိုခန့်မှန်းမိတာမို့...အခုချိန်ထဲက လုပ်လက်စတို့ကို လက်စသတ်ထားရမည်...။

ရုံးဆင်းချိန်ထက် အတော်လေး နောက်ကျနေမှန်းသိပေမယ့်...မပြီးပြတ်နိုင်သေးတဲ့ စာချုပ်စာတမ်းတွေကို...သေသေချာချာစစ်ဆေးပြီး ခွင့်ပြုချက်လက်မှတ်ထိုးပေးရသည်...။

အပြိုင်အဆိုင်တွေများလွန်းတဲ့ စီးပွားရေးနယ်ပယ်မှာ နည်းနည်းလောက်လေး...အမှားအယွင်းဖြစ်သွားတာနဲ့ ရှိသမျှစည်းစိမ်တွေအကုန်ဆုံးရှုံးပြီး...လမ်းဘေးဘဝရောက်သွားနိုင်သည် မဟုတ်လား...။

ထို့ကြောင့် စေ့စေ့စပ်စပ်နဲ့...လုံးဝအမှားမရှိအောင် ဂရုစိုက်ရသည်...။

တောင်လိုပုံနေတဲ့စာရွက်တွေကြားထဲက ခပ်သော့သော့လက်ရေးနဲ့စာရွက်တစ်ရွက်...။

* Junလုံးလေးနှင့် အတူနေထိုင်စဉ်အတွင်း လိုက်နာရမည့် အချက်များ *

နောက်မှအေးဆေးဖတ်မယ်ဆိုပြီး...လုံးဝမေ့နေခဲ့တာ...အချိန်တွေရှိသေးတာကြောင့် လက်ရေးဝိုင်းဝိုင်းနဲ့ရေးထားတဲ့စာရွက်လေးကို...ဘေးဖယ်ထားမလို့လုပ်ပေမယ့်...

မထင်မှတ်ဘဲဖတ်လိုက်မိတဲ့ ပထမဆုံးအချက်နဲ့တင်...အသေးလေးပြောထားမယ့် အချက်တွေကို...စိတ်ဝင်စားမိသည်...။

My Little Zhang Tempat cerita menjadi hidup. Temukan sekarang