ဆိုးတော့မဆိုးပေမယ့် အင်း..Junလုံးလေးကိုတော့ဘယ်မှီပါ့မလဲ ။
" ငါအဲ့လူကြီးနဲ့တွေ့တဲ့နေ့ကျ
မင်းတို့ပါလိုက်ခဲ့ပေးရမှာနော် "
" လိုက်မှာ စိတ်ချ ဟီး "
မျောက်အုန်းသီးရသွားသလို ပျော်နေကြတဲ့သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး...သက်ပြင်းသာချမိတော့သည် ။
💕💕💕💕💕💕
ဘယ်အလုပ်မဆိုလေးလေးနက်နက်ထားပြီး...အချိန်လည်းတိကျလွန်းတဲ့Yixingက...အခုတစ်ခေါက်လည်း မကြာခင်တော်ရတော့မည့်ခင်ပွန်းလောင်းနှင့်တွေ့ရန်...စောရောက်နေပြီဖြစ်သည် ။
ဆိုင်တံခါးတွန်းဖွင့်သံနဲ့အတူ ကုပ်ချောင်းချောင်းနဲ့ဟိုကြည့်ဒီကြည့်လုပ်ပြီးဝင်လာတဲ့.အလယ်တန်းလောက်ရှိမည်ထင်ရတဲ့ ကောင်လေးတစ်ယောက် ။
ရှေ့ချထားတဲ့မှိုလုံးလိုဆံပင်လေးနဲ့ စပို့ရှပ်အင်္ကျီအဖြူ ဒူးအထက်ဘောင်းဘီတိုလေးဝတ်ထားပြီး...လွယ်အိတ်အမဲလေးလွယ်ထားကာ မျက်မှန်အဝိုင်းလေးပါတပ်ထားသေးသည် ။
ဘယ်သူ့ကလေးမှန်းမသိပေမယ့် ချစ်စရာလေးပါဘဲ ။
ကြည့်ရတာမိဘတွေနဲ့လျှောက်သွားရင်းကွဲသွားလို့...ဆိုင်ထဲမှားဝင်လာသည်ထင်ပါ့ ။
တွေ့တဲ့ကိစ္စတိုင်းဝင်ပါပြီး စပ်စုတတ်တဲ့အကျင့်မရှိပေမယ့်..ကောင်လေးကချစ်စရာလေးမို့...မတော်လို့မကောင်းတဲ့လူတွေနဲ့တွေ့သွားမှဖြင့် မိဘတွေရင်နာနေရဦးမည် ။
" ကောင်လေး မင်းမိဘတွေကဘယ်မှာလဲ
အိမ်ရောမှတ်မိလား ဒီတိုင်းလျှောက်မသွားရဘူးလေ "
ထိုကောင်လေးအနားသွားပြီး မိဘတွေဆီဆက်သွယ်ပေးဖို့စကားစမိပေမယ့်.Yixingဆီကိုရောက်လာတဲ့မျက်စောင်းလှလှတစ်ချက် ။
💕💕
" ဆိုတော့ မင်းက Kim JunMyeonလား "
" ဟုတ်တယ် "
" ကိုယ့်ကိုသိလား "
" Zhang Yixing! "
" ဒါဆို ကိုယ်နဲ့လက်ထပ်ရမယ့်အကြောင်းလည်းသိပြီးပြီပေါ့ "
" သိတယ် "
ခုံကိုကျောမှီထိုင်ကာ လက်နှစ်ဖက်ပိုက်ထားပြီး...မေးသမျှကိုဘောက်ဆတ်ဆတ်ဖြေနေတဲ့အသေးလေးက...မျက်စောင်းတွေချည်းလှိမ့်ထိုးနေသည် ။
💕 1 💕
En başından başla
