" အာ...mama! "
ဧည့်ခန်းထဲမှာနေပြီး တစ်ယောက်ထဲကျန်ခဲ့တဲ့ Junလုံးကတော့ လက်မထပ်ချင်ကြောင်းကို တစ်ဖွဖွပြောကာ ဆူဆောင့်နေခဲ့သည် ။
💕💕💕💕💕💕
" အဲ့တော့ မင်းကလက်ထပ်ရတော့မယ်ပေါ့ "
" အင်း "
စာရေးစားပွဲပေါ်ကိုတစ်ကိုယ်လုံးနီးပါးပစ်တင်ပြီး...မေးလေးပါထောက်ထားရင်း...သူ့အဖြေကိုစောင့်နေတဲ့ Baekhyunက...မျက်လုံးလေးတွေပါအရောင်လက်လို့ ။
" wow Junလုံး မင်းကတကယ်မိုက်တာဘဲ "
လက်ထဲကဖုန်းကိုကြည့်ပြီး အံ့အားသင့်စွာလုပ်နေတဲ့ MinSeokကတော့...မယုံနိုင်တဲ့အနေအထားနဲ့...သူတို့နှစ်ယောက်နားကိုတိုးလာလေရဲ့ ။
" Zhang Yixingက တကယ်မိုက်တာဘဲကွ
ဒီမှာကြည့် "
ကြည်လင်ပြတ်သားနေတဲ့ပုံကို အနီးကပ်ထပ်ဆွဲ အကျယ်ချဲ့ပြီးပြတော့...Zhang Yixingဆိုတဲ့အသံကြားတာနဲ့...တလှုပ်လှုပ်တရွရွဖြစ်နေတဲ့ Baekhyunက...MinSeokလက်ထဲကဖုန်းကို ဆွဲယူလိုက်တာများဆွေ့ခနဲ ။
" အားကျလိုက်တာကွာ တကယ်ကို
Idolတစ်ယောက်ထက်တောင် မိုက်နေသေးတယ် "
" Junလုံးတို့ကတော့
ရမယ့်ခင်ပွန်းလောင်းလေးကချောလည်းချော
ပိုက်ဆံလည်းရှိ ပညာလည်းတတ် ကံကောင်းလိုက်တာ"
သူယူရမယ့်ခင်ပွန်းလောင်းအကြောင်းကို ချီးမွမ်းမဆုံးဖြစ်နေကြတာကြောင့်...Junလုံး အနည်းငယ်တော့စိတ်ဝင်စားမိသည်...။
MinSeokဆီကဖုန်းကို သူပါပြန်ဆွဲယူပြီးကြည့်တော့...
ဘေးနှစ်ဖက်ကိုအပြောင်ရှိတ်ထားတဲ့ အနက်ရောင်ဆံပင်တွေက အနောက်ဘက်သို့သေသပ်စွာ လှန်တင်ထားသည် ။
မထူမပါးမျက်ခုံးတန်းအောက်က မျက်ဝန်းညိုတစ်စုံရယ်...ဖြောင့်တန်းနေတဲ့နှာတံနဲ့ အောက်ဘက်မှာခပ်တွဲတွဲဖြစ်နေသော နှုတ်ခမ်းပါးတို့က အနီရောင်သန်းသည် ။
နောက်...ဘယ်ဘက်နားအောက်ဘက်က စိန်တစ်ပွင့်နဲ့နားကပ်က အရောင်တလက်လက် ။
နာမည်ရှိကုမ္ပဏီရဲ့ CEOမို့ဘဲလားမပြောတတ်...suitအပြည့်နဲ့လူကြီးသည် ခန့်ချင်တိုင်းခန့်နေသည် ။
💕 1 💕
Start from the beginning
