ဘာတစ်ခုမှ မတွေးတော့ပဲ အခန်းထဲကိုသာ သွားလိုက်တော့သည်။
×××××
ဒေါက် ..ဒေါက် ..ဒေါက် ...
အခန်းထဲရောက်တာတောင် မကြာသေး .. တံခါးခေါက်သံကြောင့်
အနည်းငယ် စိတ်ရှုပ်မိသည်။"ဝင်ခဲ့ "
အသံမာမာနဲ့ ပြောလိုက်ပြီး အခန်းတံခါးကို ကျောပေးကာ
အပေါ်က coat ကို ချွတ်လိုက်သည်။ခြေသံက ကျွန်တော့်အနောက်ဘက်ရောက်တော့ ငြိမ်သက်သွားသည်။
"ဘာကိစ္စလဲ ... "
စိတ်ရှုပ်နေတာရယ် .
ခုနက ဝမ်းနည်းတာရယ် ပေါင်းပြီး သာမန်ထက်
ကျယ်လောင်သွားသည်။"ဟို ... "
အသံသေးသေးလေးကြောင့် နောက်ကို လှည့်ကြည့်မိတော့
လက်ကလေးနှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းငုံ့ထားသော
KyungSoo ပင် ..."Sry ... ခုနက ပြောတာ အသံကျယ်သွားတယ် "
"ဟုတ် ... "
"ဘာပြောမလို့လဲ ... ပြောလေ ... "
ပုံမှန်အသံနဲ့ ပြောလိုက်တော့ ခေါင်းမော့ကြည့်လာ၏...။
ပုံမှန်အသံထက် ... နူးညံ့မယ်လို့ ကျွန်တော်ထင်တယ် ..KyungSoo နဲ့ဆိုရင် ... သူ့စိတ်တွေ နူးညံ့သွားတယ်ဆိုတာတော့ ဝန်ခံပါသည်။
"ဟု... ဟို..လေ... "
"Omm ပြော ... "
"ဒ..ဒါ..လေး "
မဝံ့မရဲနဲ့ မျက်လုံးလေး မှိတ်ပြီး သူ့လက်ထဲက cake
အသေးလေးကို ပေးလာသည်။ခုနက လက်ကိုနောက်ပစ်ထားတာ ဒါကြောင့်ပင် ...
မျက်စိရှေ့ရောက်လာသည့် Cake လေးကြောင့်
ခေတ္တမျှ ဆွံ့အသွားမိသည်။
PART-(7)Z×U
Start from the beginning