Birthday

8.1K 513 5
                                    

ကျောင်းစဖွင့်တဲ့နေ့တွေဟာ ပျင်းစရာအတိ..
ကျောင်းသားတွေလည်းမဆုံသေးသလို lectureချိန်တွေလည်းမစသေးသည်မို့ အလွန်ပျင်းစရာကောင်းလှသည်။

'Baek ငါတို့အပြင်ပြန်ထွက်ရအောင်ကွာ ပျင်းလွန်းလို့ သေတော့မယ်'

အမြဲလိုလို သွက်လက်နေတတ်တဲ့ Luhanက အတန်းထဲတွင် ကျောင်းသားအနည်းငယ်သာရှိသည်မို့ ပျင်းနေမည်မှာအမှန်ပင်။

"မထွက်တော့ဘူးကွာ အေးကအေးနဲ့ အတန်းထဲနေတာမှကောင်းအုံးမယ်''

ဟုတ်တယ် ဒီဇင်ဘာနောက်ဆုံးပတ်က အရိုးစိမ့်အောင်ချမ်းသည်မို့ ခုလိုအတန်းထဲထိုင်ကာ စာအုပ်ဖတ်နေသည်ကမှ တော်သေးသည်။

'Aiii... ပျင်းတာ'

"Annyeong ဒါ 3rd yr English Majorတန်းလား?''

ပြတင်းပေါက်ဘက်ထိုင်နေသည့် Baekhyunကိုကြည့်ကာမေးလာသည်မို့ ခေါင်းငြိမ့်ပြမိသည်။

အရပ်အတော်ရှည်သည့်သူက ရုပ်ရည်လည်းသန့်ပြန့်သလို အသံသြသြကလည်း နားထောင်ကောင်းလှသည်။

တက်ရမယ့် အတန်းသေချာတော့မှ အရှေ့တံခါးပေါက်ဘက်က အထဲဝင်ကာ ထိုကျောင်းသားနှစ်ယောက်ဘေး လွတ်နေတဲ့ခုံမှာ ဝင်ထိုင်လိုက်သည်။

"ငါက Park Chanyeol နယ်ကပြောင်းလာတာ မင်းတို့က.. ?"

ထိုနှစ်ယောက်ထဲမှာ အနည်းငယ်ပိုသွက်ပုံရသည့် Chanyeol ဘေးကကောင်လေးက မိတ်ဆက်ပေးသည်။

'ငါကLuhan သူကBaekhyun ငယ်ငယ်လေးထဲကတွဲလာတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ'

Baekhyunဆိုတဲ့ကောင်လေးက ဆံပင်အုပ်အုပ် မျက်မှန်ဝိုင်းလေးနဲ့ ချစ်ဖို့ကောင်းအောင် ပြုံးပြသည်။

Baekhyunဆိုတဲ့ကောင်လေးက ဆံပင်အုပ်အုပ် မျက်မှန်ဝိုင်းလေးနဲ့ ချစ်ဖို့ကောင်းအောင် ပြုံးပြသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
CB One Shot CollectionWhere stories live. Discover now