12:07 [••] zawgyi+uni

1.9K 267 37
                                    

စားပွဲပေါ်က ဖုန်း screenလေးကို လက်နဲ့နှစ်ချက်လောက်တောက်လိုက်တော့ လင်းလာတဲ့ screen နဲ့အတူ ပါးလေးတွေမို့ကာ မျက်လုံးလေးတွေမှိတ်ကျသည်အထိ ပြုံးနေသော မျက်နှာလေးပါ ပေါ်လာသည်။

ထို screen ပေါ်က ပါးမို့မို့လေးကို လက်ကလေးနဲ့ အသာတို့ကြည့်တော့ ရင်ဘတ်ထဲက ဟာခနဲ။
ထိုနည်းတူ နှုတ်ခမ်းပါးလေးတွေပါ ခပ်ဖွဖွ အသာတို့ထိကြည့်မိတော့.....

ထိုနှုတ်ခမ်းပါးလေးတွေ ဘယ်လောက်ချိုမြိန်လဲ မိမိသာအသိဆုံး။ ဘယ်လောက်ရူးမူးစွဲလမ်းစွာ ထိတွေ့ချင်နေမိသလဲ? ။ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ကြည့်တော့.....

နှူတ်ခမ်းပါးလေးတွေက ချိုမြိန်သလောက်.....
ပိကျိပိကျိနဲ့ ရစ်တတ်တာလည်း အဲ့ဒီနှုတ်ခမ်းပါးလေးတွေပဲ။

0506
ထိုဂဏန်းလေးလုံး ရိုက်ထည့်ပြီးတာနဲ့ ပွင့်သွားတဲ့ ဖုန်းလေးပေါ်မှာ နေရာယူထားတာက မှဲ့နက်နက်သေးသေးလေးထင်းနေအောင်ရိုက်ထားသောပုံမှာ လည်တိုင်ကျော့ရှင်းရှင်းလေးပါ အနီးကပ်မြင်ရသေးသည်။

မှဲ့နက်ကလေးကိုလည်း ထိတွေ့ချင်သည်။
လည်တိုင်လေးကိုလည်း ထိတွေ့ချင်သည်။

နူးညံ့တဲ့ အထိအတွေ့တွေကို အကြိမ်ကြိမ်အခါခါတမ်းတမိတော့ လူကရူးချင်သလိုလို။

ဟူး.....
ရက်စက်လွန်းတယ် Bae.....

______

ချစ်သူလာရာလမ်း....
ချစ်သူရှိရာ အဆောင်နားမှာ ဆိုင်ကယ်ကိုဒေါက်ထောက်ကာ ပြေလျော့လျော့မှီရပ်ရင်း လမ်းထဲကို အကြည့်တွေပို့ထားမိသည်။

အဆောင်ရှေ့ထိလည်း သွားမခေါ်ချင်။
သူထွက်လာမှသာ အခြေအနေကြည့်ပြီး လှုပ်ရှားမည်ဟု Chanyeol တွေးထားသည်။

Chanyeolကတော့ ဒီမြို့ဇာတိဖြစ်ပေမယ့် Baekhyunကတော့မဟုတ်ပေ။

ဒီကိုကျောင်းလာတက်ရင်း တွေ့ဆုံခဲ့သည့် Baekhyunနဲ့က အပြန်အလှန်ချစ်ကြိုးသွယ်နေကြသော ချစ်သူတွေပင်။

Major လည်းမတူ အပေါင်းအသင်းတွေလည်းမတူသည်မို့ Chanyeolကိုဆို Baekhyun ကစိတ်မချပေ။

ဒါကိုပဲ Chanyeolကမကြိုက်။
သူ့အပေါင်းအသင်းတွေဆိုတာ ကျားမ မရွေးငယ်ငယ်ကတည်းက ရင်းနှီးလာတဲ့သူတွေမို့ ဖက်လှဲတကင်းရှိလွန်းသည်။
ထို့ကြောင့် ဘော်ဒါအကန့်နဲ့ ချစ်သူအကန့်ကို ရောတာမကြိုက်ပေ။

Você leu todos os capítulos publicados.

⏰ Última atualização: Feb 02, 2020 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

CB One Shot CollectionOnde histórias criam vida. Descubra agora