Sunday(Final)

3.9K 380 28
                                    


"Sundayရက်တွေကို ကျတော်ချစ်တယ် ကိုကို''

နှုတ်ခမ်းလေးဆူပီး အမြဲချွဲတတ်သည့် Baby.....
ဒီနေ့ဆို Babyကို မတွေ့ရတာ တစ်နှစ်ပြည့်ခဲ့ပီ....

ဒီနေ့တော့ Baby ဆီ ကိုယ်ပြန်လာမည်။
ကိုယ့်ဘက်က မတရားပေမယ့်လို့
နောက်ဆုံးအနေနဲ့ Baby ဆီကိုယ်ရောက်အောင်လာခဲ့မည်။

ဒါနဲ့သိလား Baby.....
ဒီနေ့ဟာလည်း Baby ချစ်တဲ့ Sunday လေ.....

~~~~~~~~~~

ဆေးရုံကြီးက ထွက်လာတယ်ဆိုရင်ပဲ နောက်တစ်ခေါက်ပြန်လှည့်ကြည့်မိသည်။

ဘယ်တော့မှပြန်မလာဖြစ်တော့မှာမို့....
နောက်ဆုံးအနေနဲ့ကြည့်ခြင်း....
တစ်နှစ်လောက်နေခဲ့ပီးရင် တော်ပီလေ....

တကယ်ဆို.....
ကိုယ့်အတွက်တော့
ဆေးရုံဆိုတာထက် အကျဉ်းထောင်နဲ့ပိုတူနေတယ် Baby.....

ဆေးရုံထဲက ထွက်လာတယ်ဆိုရင်ပဲ တပ်ကြပ်မကွာလိုက်လာသည့် တစ်ဦးတည်းသော သူငယ်ချင်းယောက်ဖ.....

"ဒီနေ့တော့ ငါတစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားပါရစေကွာ''

'သွားလေ....
ဒါပေမယ့် မင်းအိမ်ထိ ငါကားမောင်းလိုက်ပို့ပေးမယ်....'

ကျစ်....
တကယ်စိတ်ရှုပ်မိတယ် Baby....
ဒီကောင်ဟာ ကိုယ့်သူငယ်ချင်းလည်းဖြစ်....
သူ့ကြောင့်သာ Babyနဲ့ ဆုံခဲ့ရတာမို့ Babyရဲ့အစ်ကို အရင်းဖြစ်တဲ့ ဒီကောင်ကို ကိုယ်သည်းခံနေရတာ Baby.....

နို့မို့ဆို ကိုယ်အော်လွတ်လိုက်ပီ....
မင်းမျက်နှာကြောင့်သာ စိတ်လျှော့လိုက်တာနော် Baby.....

မင်းသိတယ်မလား ကိုယ်အရမ်း ဒေါသကြီးတယ်ဆိုတာ......

တဖြေးဖြေးနဲ့ကားလေးက ကိုယ့်တို့မြို့လေးကို ဝင်လာခဲ့ပီ....

မင်းချစ်တဲ့ ဒီတောင်ပေါ်မြို့လေးကို ကိုယ်ကတော့ မုန်းသည်။
ကိုယ်တစ်ခါတစ်လေ နောင်တရမိသည်။
ဒီတောင်ပေါ်မြို့လေးမှာ နေခဲ့မိလို့....
ဒီမှာပဲ မင်းကို ခေါ်ထားခဲ့မိလို့ Baby.....

CB One Shot CollectionWhere stories live. Discover now