Love is love:ep 2

3K 315 15
                                    


"Chan ဖျားနေတာလား?''

ခုတင်ပေါ်မှာ ညည်းနေသည့် Chanyeolရဲ့ နဖူးကို Baekhyunအသာစမ်းကြည့်သည်။

"Oh God.... Chan ကိုယ်တွေ အရမ်းပူနေတာပဲ.... ထ..ထ ဆေးခန်းသွားရအောင်''

"သွားပီးပီ ဆေးလည်းသောက်ထားတယ်''

"ဘယ်နေ့တည်းက ဖျားနေတာလဲ?''

"မနေ့က ''

"မင်းကွာ ဖျားနေလည်း ငါဆီဖုန်းဆက်လိုက်တာ မဟုတ်ဘူး.... ချက်ချင်းပြန်လာမှာပေါ့''

Baekhyunရဲ့ ဆူပွပွအသံကြောင့် ဖျားနေသည့်ကြားထဲက Chanyeolပြုံးမိသည်။

ကျောင်းပိတ်ရက်မို့ နယ်ကအိမ်ကို ပြန်သွားသည့် Baekhyunကို Chanyeolဖျားနေပါတယ်ဆိုပီး ဖုန်းဆက်လှမ်းခေါ်ရက်ပါ့မလား?

အခု Baekhyun ပြန်ရောက်လာတာနဲ့ပင် Chanyeol အဖျားတဝက် သက်သာ သွားရသည်။

"အာ့ဆိုလည်း ရေပတ်တိုက်ပေးမယ်နော်''

ရေဇလုံလေးဘေးချကာ ဖျားနေသော Chanyeolကို Baekhyunက ရေပတ်တိုက်ပေးလေသည်။

ရေအေးကြောင့်လား....
Baekhyunကြောင့်လား.....
မသိပေမယ့်
Chanyeolရင်တွေ ခုန်နေမိသည်။

Chanyeolထင်တာ မမှားဘူးဆိုရင် ရင်ဘတ်ပေါ်ကို ရေပတ်တိုက်ပေးနေသည့် Baekhyunလက်ကလေးတွေလည်း တုန်နေခဲ့သည်။

......

"ဟင်း... ဟင်း...ဟင်း''

တိတ်ဆိတ်တဲ့ ညမှာ Chanyeolရဲ့ ညည်းသံကြောင့် Baekhyunနိုးလာခဲ့သည်။

"Chan....Chan... မသက်သာဘူးလား?''

"ချမ်းတယ်''

"ချမ်းနေတာလား..... ခဏလေးနော် ငါ့စောင်ပါခြုံပေးမယ်''

Baekhyunခုတင်ပေါ်က စောင်ကို ယူကာ Chanyeolပေါ် ထပ်ပေးလိုက်သည်။

စောင်အထူ နှစ်ထည်နဲ့တောင် Chanyeolဟာ ချမ်းနေသေးသလို....

Chanyeolရဲ့ နဖူးကို စမ်းပေးနေသည့် Baekhyunရဲ့ လက်ကလေးကို ဆွဲလိုက်တော့ ရင်ခွင်ထဲ ပြိုဆင်းလာသည်။

လူငွေ့ခြုံရင် ပိုနွေးသည်တဲ့.....

အဓိကက Baekhyunဖြစ်နေလို့ ရင်ခုန်သံတွေ ကျယ်လောင်ကာ နွေးထွေးမှုတွေ အတိုင်းထက်လွန်ခဲ့သည်။

CB One Shot CollectionNơi câu chuyện tồn tại. Hãy khám phá bây giờ