"ချစ်တယ်..... အရမ်းချစ်တယ်''"အဟက်... ဟား....ဟား....ဟား''
"တောင်းပန်ပါတယ်..... အရမ်းချစ်တယ်''
"အဟက်.... ငါကတော့ မင်းကို မချစ်တော့ဘူး...
မင်းဆိုတဲ့ကောင်ကို စောက်ရမ်းမုန်းတယ်''ထိုနေ့က ...
ပန်းတွေမဝေ...
ကျေးငှက်တွေ တေးမဆို...
နွေညမှာ ကြယ်တွေစုံနေပေမယ့်
မှိုင်းညို့နေသော ကောင်းကင်ကြီးရဲ့အောက်...နာကျည်းချက်တွေ ပြည့်နှက်နေတဲ့ ကောင်လေးရဲ့ အပြုံးကို မေ့မရခဲ့......
အရာအားလုံးဟာ ကိုယ့်အပြစ်တွေပဲမို့....
***********
"Hey မင်းအတွက် မနက်စာ ငါဝယ်လာတယ် အဆင်ပြေပါ့မလားတော့မသိဘူး''
ဆန်းဒ်ဝှစ်ခ်ျဘူးလေးနဲ့ ကော်ဖီဘူးလေးကမ်းပေးနေသည့် ကောင်လေးလက်ထဲကနေ အထုတ်တွေ လက်ပြောင်းယူလိုက်သည်။
"အဆင်ပြေပါတယ်....ငါက အစားမရွေးဘူး... ဝယ်လာပေးတဲ့အတွက်တောင် ကျေးဇူးတင်သေးတယ်''
"အာ... တော်သေးတာပေါ့...မင်းကအိပ်ယာထနောက်ကျနေလို့လေ မနက်စာမမှီမှာ စိုးလို့် ''
"အင်း''
ဆန်းဒ်ဝှစ်ခ်ျ တစ်ကိုက်ကိုက်လိုက်ရင်း ကောင်လေးကို ခေါင်းငြိမ့်ပြမိသည်။
တွေ့ဆုံပုံက ရိုးရှင်းသည်။
နည်းပညာ တက္ကသိုလ်တစ်ခုရဲ့ အနီးနားက အဆောင်ကနေ တွေ့ဆုံ အစပြုသည်။
အိမ်မှာတည်းက တစ်ယောက်တည်း သီးသန့်သာ နေတတ်သည်မို့ ကျောင်းကပေးတဲ့ အဆောင်က နှစ်ယောက်ခန်းမို့ ဂဂျိုးဂဂျောင် အခန်းဖော်နဲ့ ကျမှာ အလွန်စိုးရိမ်ခဲ့သည်။
သို့ပေမယ့်.....
အခုအခန်းဖော်လေးကတော့ အဆင်ပြေတာထက်ပိုခဲ့သည်။မျက်လုံးလေးတွေ ပျောက်သည်အထိ ရယ်ပြနေတဲ့ ချစ်စရာကောင်လေးကို ဟိုးအရင် တွေ့ဖူးခဲ့သူ တစ်ယောက်လို ရင်းနှီးတာထက်ပိုကာ ပြောဆိုဆက်ဆံရတာ သက်တောင့်သက်သာ ဖြစ်စေသည်။