Chapter-12 : Saving the Savior (Part-2)

3.2K 353 89
                                    

“Arthit…”

သူ့ရှေ့မှ သူ့ဖခင်ကို သူ ဒူးထောက်အရိုအသေပေးလိုက်မိခဲ့သည်။

“ကျွန်တော် 7th Prince Arthit … Vampire Kiing ကို အရိုအသေပြုပါတယ်…”

“ထလို့ရပြီ…”

သူ့ ဖခင်စကားကြောင့် သူ ဒူးထောက်အရိုအသေပြုနေရာမှ ထရပ်လိုက်သော်လည်း သူ့ခေါင်းတို့ကိုမူ ဦးညွှတ်ထားဆဲ။ သူ့ကိုခေါ်သည်က သူတို့မောင်နှမများ၏ ပြီးခဲ့သော တိုက်ပွဲအတွက်လား။ ထို့အတွက်ဆိုလျှင် ဘာကြောင့် သူတစ်ဦးတည်း ဖြစ်နေရတာလဲ။ တခြား သူ့မောင်နှမများမပါဘူးလား။ သူ မေးခွန်းများရှိနေမိသော်လည်း ငြိမ်သက်နေမိဆဲ။

“ငါ မင်းကို ခေါ်လိုက်တာက… ဒီစာအုပ်အတွက်ပဲ Arthit…”

သူ့အား အပ်နှင်းလာသည့် စာအုပ်ကို သူ အသာတကြည်သာ ယူလိုက်မိခဲ့သည်။ ရံဖန်ရံခါတွင် သူ့ ဖခင်သည် ဘာကြောင့် သူ့ကို လွန်စွာ အရေးပေးမှန်းသူကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့။ သူက Singto ၏အလင်းကို အသုံးပြုနိုင်၍ပဲလား။

“မင်း သွားလို့ရပြီ…”

“ဟုတ်. ဟုတ်ကဲ့…”

သူ ကြောင်အစွာ သူ့ဖခင်နန်းဆောင်ထဲမှ ထွက်လာခဲ့လိုက်မိသည်။ သူ့လက်ထဲတွင်တော့ ရွှေရောင်စာအုပ်က လျှို့ဝှက်ဆန်းကြယ်စွာ နေရာယူနေခဲ့မိသည်။ ထိုစာအုပ်သည် သူတို့ Vampire များ၏ သမိုင်း နှင့် အနာဂတ်တို့အား ဖော်ပြထားသည်ကို သူ သိခဲ့ပါလျှင် ထိုစာအုပ်ကို သူ လက်ခံဖြစ်ချင်မှ လက်ခံဖြစ်လောက်သည်။ သူ့ စာဖတ်ခန်းသို့ ပြန်ရောက်လာတော့ သူခြုံပေးထားသည့် စောင်ကိုသာ စားပွဲပေါ်တွင် ခေါက်လျက်သား တွေ့လိုက်ရသဖြင့် Kongpob ကို သူ စာဖတ်ခန်းထဲတွင် မျက်စိကစား၍ ရှာကြည့်လိုက်ခဲ့သော်လည်း အရိပ်အယောင်ပင် မတွေ့သဖြင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။

Vampire များသာ နေထိုင်သော အသိုက်အမြုံတစ်ခုတွင်တော့ ထိုငတုံးကောင် Maria သည် လျှောက်သွားမနေဘူးဟု တော့ သူ ထင်မိသဖြင့် သူ့အာရုံတို့ကို သူ့ဖခင်ပေးအပ်လိုက်သည့် စာအုပ်တွင် နှစ်မြှုပ်လိုက်ခဲ့မိသည်။

ထိုအချိန် သူ၏ ငတုံးကောင် Maria မှာတော့…

“ငါ လမ်းပျောက်နေတာလား…”

A forbidden Love Story (fanfic)Tahanan ng mga kuwento. Tumuklas ngayon