Chapter - 6 : A truth hidden in the histroy

3.5K 336 30
                                    


Arthit မျက်မှောင်ကြုတ်ကာ Kongpob ကိုကြည့်နေခဲ့မိသည်။ ထို Maria တွင်… May ၏ မှတ်ဥာဏ် မရှိခဲ့ဘူးဆိုလျှင်… ထို့အပြင် သူ အနှစ်သက်ဆုံး လူသားတစ်ယောက်နှင့် အသွင် မတူခဲ့ဘူးဆိုလျှင် သူ၏ ဆိုးသွမ်းသော အစ်ကိုနှင့်ညီငယ်လက်ထဲသို့ သူ ပေးခဲ့လိုက်သည်။ ယခုတော့ သူ့ရှေ့တွင် သူ့အား မထီတထီ မျက်နှာထားဖြင့် ကြည့်နေသော Kongpob ကိုသာ သူ အံကြိတ်ပြီး ကြည့်နေခဲ့မိသည်။

“မင်း အစားမစားတာ လေးရက်ရှိပြီလို့ Jay ငါ့ကိုပြောတယ်…”

“ဟုတ်တယ်…”

Kongpob နှုတ်ခမ်းတို့ ဖြူဖျော့နေသည့်တိုင် သူ၏ ထီမထင်ဟန်က မလျော့သေး။ သူသည် Maria တစ်ဦးပင် ဖြစ်လင့်ကစား လူသားတစ်ဦး၏ ခန္ဓာဖြင့်မို့ သူ အာဟာရတော့လိုအပ်တတ်သည်။ Arthit ၏ အမိန့်အတိုင်း သူ ထိုအခန်းထဲမှ အပြင်မထွက်သော်လည်း သူ အစာမစားဘဲ နေနေဖြစ်ခဲ့သည်။

“မင်းက ဘာဖြစ်ချင်နေတာလဲ… ငါ မင်းအတွက် ပြင်ဆင်ပေးတဲ့ အရာတွေအကုန်လုံးက လူစားတဲ့အစာတွေပဲ… မင်းတို့လူတွေ စားနိုင်အောင် ချက်ပြုတ်ထားတာပဲမဟုတ်လား…”

စိတ်ရှုပ်ရှုပ်ဖြင့် ပြောလာသည့် Arthit မျက်နှာကို ကြည့်ရင်း Kongpob ပြုံးလိုက်မိသည်။ သေချာပါသည်။ ထို Vampire Prince သည် သူ့အား သေစေလိုသည့် အရိပ်အယောင်လုံးဝမရှိပါ။

“ငါသေသွားရင် မင်းတို့မျိုးနွယ်အတွက် ပိုမကောင်းဘူးလား…”

သူ့အား ခပ်ထေ့ထေ့ပြောလာသည့် Kongpob အနီးသို့ Arthit အလင်း၏ အဟုန်ဖြင့် ရောက်သွားခဲ့သည်။ သူ့လက်တစ်ဖက်က Kongpob ၏ လည်တိုင်ထက်ဆီသို့ ခပ်လျော့လျော့ကိုင်လိုက်ရင်း…

“မင်းကို ငါ ပြောရဦးမယ်… မင်းက ငါ့အတွက် အဖိုးတန်တဲ့ အရာတစ်ခု လက်ရှိမှာ ဖြစ်နေသေးတယ် ဆိုပေမဲ့ ငါ စိတ်မရှည်တော့ရင် မင်းကို စွန့်ပစ်ဖို့ ဝန်မလေးဘူး”

“ဟုတ်လား… ဒါဆို အခုထိ ဘာလို့ မလုပ်သေးတာလဲ…”

Arthit ၏ စူးနစ်သော မျက်ဝန်းနီများဖြင့် ရင်ဆိုင်လိုက်ရချိန်တွင် Kongpob ရင်ခုန်သံတစ်ချက်က ပုံမှန်မဟုတ်ဘဲ ဒိတ်ကနဲ ခုန်လာခဲ့သည်။ Arthit ၏ စူးရဲအေးစက်သော အကြည့်ကို သူ ဘာကြောင့် ရင်ခုန် သွားမိရတာလဲ။

A forbidden Love Story (fanfic)حيث تعيش القصص. اكتشف الآن