Chapter-8 : Temporary Alliance (Part-1)

3.1K 331 26
                                    

Kongpob သူ့အား လည်ပင်းမှကိုင်မြှောက်လိုက်သော Bright ကြောင့် သူ့ခြေတို့သည် မြေပြင်မှ ကြွတက်လာခဲ့သလို သူ့လည်တိုင်ထက်မှ လက်၏ ဖိအားကြောင့် အသက်ရှူရသည်က ခက်ခဲလာသော်လည်း သူ ဒီအချိန်တွင် မည်သို့မျှ နောက်မဆုတ်နိုင်တော့ပါ။ ထို့အတွက် သူ့အား ကိုင်မြှောက်ထားသည့် Bright ၏ မျက်လုံးများထဲ စူးစိုက်ကြည့်ကာ…

“ငါ May အကြောင်းသိနေတယ်… မင်းတို့ရဲ့ 6th Princess May က ဘယ်မှာ ရှိနေသေးတယ် ဆိုတာကိုပေါ့…”

“ဒီငတုံးကောင်က ဘာတွေပြောနေတာလဲ!”

Arthit ဒေါသဖြစ်စွာ Kongpob ရှေ့သွားရန်ကြိုးစားသော်လည်း သူ့ကို မြဲမြံစွာ ထိန်းချုပ်ထားသည့် Jay… သူ Jay ကို စူးရဲစွာ ကြည့်လိုက်မိသည်။

“မင်းဘာလုပ်တာလဲ Jay…”

“အာရုံလွှဲဖို့က ဒီနည်းလမ်းတစ်ခုပဲရှိတာပါ Prince Arthit…”

“အဲ့ဒါနဲ့ပဲ မင်းက သူ့ကို သေတွင်းထဲပို့တယ်ပေါ့…”

သူ Jay အား ဒေါသဖြစ်စွာပြောလိုက်တော့ Jay ခေါင်းလေးငုံ့နေရင်း…

“ကျွန်တော့်သခင်က Prince Arthit ပါ… Prince Arthit က Crown Prince တစ်ယောက်လည်းဖြစ်ပါတယ်… ကျွန်တော့်သခင်ကိုရော… ကျွန်တော်တို့ မျိုးနွယ်ရဲ့ Crown Prince ကို ကာကွယ်ဖို့က ကျွန်တော့်အတွက် ပိုအရေးကြီးပါတယ်…”

“မင်း…”

Arthit မည်သို့မျှ Jay ကို ဆက်မပြောနိုင်ခဲ့တော့… Jay ၏ သခင်အပေါ်ကာကွယ်သော လုပ်ရပ်က အမှားတစ်ခု မဟုတ်ခဲ့။ May ၏ Spell သက်ရောက်မှုကြောင့် Kongpob သည် သူမနှင့်ပတ်သက်သည့် မှတ်ဥာဏ်ကို မှတ်မိစေရန် စဉ်းစားခဲ့လျှင် နာကျင်မှုကို ခံစားရမည်ဖြစ်သဖြင့် ယခု နာကျင်မှုရှိမနေသဖြင့် Kongpob သည် Jay စီစဉ်ပေးသော ဇာတ်ကိုသာ ကနေခြင်းလား။ သို့မဟုတ် May ၏ Spell သည် Kongpob အပေါ်သက်ရောက်မှု လွင့်ပြယ်သွားခဲ့ပြီလား။ အကယ်၍ လွင့်ပြယ်သွားခဲ့လျှင်… ဟင့်အင်း သူ ထို Maria ကို အသေခံ၍ မဖြစ်သေးပါ။ သူ့အစွမ်းတို့သည် နိုးကြားခြင်း မရှိသေးဘူး မဟုတ်ပါလား။ Level 0 လို အဆင့်နိမ့်များကို ခက်ခဲစွာ တိုက်ခိုက်နေရသည့် Maria သည် ယခု သူတို့ မောင်နှမများ၏ တိုက်ပွဲတွင် မြေစာပင်ဖြစ်ခဲ့လျှင်… အစအနပင် ရှာရနိုင်မည်မဟုတ်။ သူ အမြန်ဆုံး သူတို့မောင်နှမများ ကြားမှ တိုက်ပွဲကို ရပ်တန့်နိုင်မည့်အဖြေတစ်ခုကို ရှာဖွေမှ ဖြစ်ပါမည်။

A forbidden Love Story (fanfic)Where stories live. Discover now