Final Chapter : End of the Problem Child and Rise of the new King

5K 406 74
                                    

"BRIGHT!!!!!!!!"

Arthit သူ တတ်နိုင်သော အမြန်ဆုံး အရှိန်ဖြင့် Bright ထံပြေးသွားခဲ့သော်လည်း သူ လက်ခံရရှိခဲ့သည်က Bright ၏ သတိလစ်နေခဲ့သော ခန္ဓာကိုယ်… White သူ ဆွဲလွှင့်ပစ်လိုက်သော Bright ကို ပွေ့ပိုက်ရင်း သူ့အား စူးရဲစွာ ကြည့်နေသည့် Arthit ကို ကြည့်လိုက်မိခဲ့သည်။ သူ့မျက်စိရှေ့မှ Arthit သည် သူ နောက်ဆုံးသတ်ရမည့် ရန်သူ။ Day ကို သေစေသည့် အဓိက တရားခံ။

Arthit အသိမဲ့နေခဲ့သော Bright ကိုပွေ့ပိုက်ရင်း White အနောက်တွင် လဲကျနေခဲ့သော သူ့အစ်ကို နှစ်ဦးကို ကြည့်လိုက်မိသည်။ ထို့နောက် သူ့အကြည့်တို့က White ထံသို့ နာကြည်းဒေါသဖြစ်စွာ…

White အချိန်ဆွဲမနေတော့ဘဲ Arthit ကို မဲ၍တိုက်ခိုက်လာခဲ့တော့သည်။ သူတို့နှစ်ဦး တိုက်ပွဲကကြောက်ခမန်းလိလိ။ ဘေးနားရှိ အရာများအားလုံးကိုပင် ပြန့်ကျဲပျက်စီးစေသည်အထိ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေခဲ့ကြသည်။

"မင်း သူတို့ကို တားဖို့စိတ်ကူးရှိလား?"

Dae တိုက်ပွဲကို ခပ်အေးအေးကြည့်နေရင်း May ကို မေးလိုက်မိခဲ့သည်။ May ဖြေးညင်းစွာ ခေါင်းယမ်းလိုက်ရင်း…

"ဒါ White ရွေးချယ်မှုပဲ… ကျွန်မ ဘာမှဝင်စွက်ဖက်ခွင့်မရှိဘူး…"

သူမ ပါးပြင်တွင်တော့ စီးကျလာခဲ့သော မျက်ရည်စက်အချို့… မိခင်တစ်ဦးမို့ မိမိ၏ သားဖြစ်သူ အခြေအနေအား သူမ အနေဖြင့် ကောင်းစွာ သိနားလည်နေခဲ့သည်။

"မင်း… မင်းအမေကို နည်းနည်းမှ မစဉ်းစားဘူးလား…"

Arthit… သူ့အား ကန်လာသည့် White ကန်ချက်ကို လက်ဖြင့် ကာလိုက်ရင်း မေးတော့ သူ့ခေါင်းပိုင်းကို ထပ်ဆင့်ခုန်ကန်လာသည့် ကန်ချက်ကြောင့် သူ အနောက်သို့ဆုတ်ရှောင်လိုက်မိသည်။

"ဟက် ငါ့အမေက ငါ့ကို ရွေးချယ်ခဲ့တဲ့ အမျိုးသမီးမှ မဟုတ်တာ!"

သူ့အား မြှောက်ကန်ရိုက်ချလာသော အခြားကန်ချက်တစ်ခုကို သူရှောင်လိုက်ချိန်တွင် ထို ကန်ချက်ကြရာ မြေပြင်တစ်ခုလုံး ကွဲအက်သွားသဖြင့်Arthit မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိခဲ့သည်။

A forbidden Love Story (fanfic)Where stories live. Discover now