Chapter - 3 : A bloody night

4.2K 354 19
                                    

Kongpob သူ့မျက်စိရှေ့တွင် ရပ်နေခဲ့သော Vampire ကို ကြည့်နေခဲ့မိသည်။ ပတ္တမြားရောင်တောက်ပနေခဲ့သော ထို မျက်ဝန်းပိုင်ရှင်သည် သူတို့သုံးဦးအား ရှုံ့ချသည့် အကြည့်မျိုးဖြင့် ကြည့်နေခဲ့သည်။

"Hmm… မင်းတို့ကို ငါ ရပ်ကြည့်နေဖို့ပြောထားတာမှ မဟုတ်တာ… Maria က ဘယ်သူလဲငါ့ကို ပြောမလား ဒါမှမဟုတ် မင်းတို့သုံးယောက်လုံးကို ငါ သတ်ရမလား?"

"ငါက Maria ပဲ…"

"Huh! မင်းက?"

Night ၏ စကားကြောင့် Kongpob မျက်လုံးတို့ ပြူးကျယ်ဝိုင်းစက်သွားမိခဲ့သည်။ မဟုတ်ဘူး ဘာတွေပြောနေတာလဲ။ Night က အခြေအနေအဖြစ်အပျက်ကို ကြောင်အစွာကြည့်နေခဲ့သော သူ့နောက်မှ ကလေးနှစ်ဦးကို ကြည့်လိုက်မိခဲ့သည်။ သူ့အား သူတို့ရှေ့သို့ရောက်လာခဲ့သော Vampire သတ်ဖြတ်နေခဲ့စဉ် Kongpob နှင့် Tew လွတ်မြောက်သွားလျှင် သူ့စတေးမှုသည် အောင်မြင်ပါသည်။ Kongpob သည် သူတို့လူသားများ၏ မျှော်လင့်ချက်။ သူတို့လူသားများအား ယခုဘဝမျိုးမှ လွတ်မြောက်အောင် ကယ်တင်ပေးနိုင်မည့် တစ်ဦးတည်းသောသူ။

သူ့မျက်နှာဘေးမှလျှပ်ခနဲဖြတ်သွားခဲ့သော ခဲလုံးလေးတစ်လုံးကြောင့် Night မျက်လုံးများ ပြူးကျယ်သွားမိခဲ့သည်။ သူ့မျက်နှာထက်မှ ခုနက ခဲလုံးကြောင့် ရှရာဖြစ်သွားရာမှ သွေးထွက်လာခဲ့သည်ကို ကြည့်ပြီး အခြား Vampire ကောင်လေးတစ်ယောက် ပြုံးလိုက်မိသည်။

"အစ်ကို Bright သူက Maria မဟုတ်ဘူး…"

Night သူ့အနောက်နားမှ ထွက်ပေါ်လာသော အသံကြောင့် တုန်လှုပ်သွားခဲ့မိသည်။ Prince ၂ ယောက် တပြိုင်နက်တည်းရောက်လာခြင်းသည် သူတို့၏ သေဆုံးခြင်း။ သူတို့မည်သို့  ထိုနှစ်ယောက်လက်မှ လွတ်အောင်ပြေးနိုင်မှာတဲ့လဲ။

"အစ်ကို Bright ကို ညာတဲ့ ဒီ Maria အတုကို အပြစ်ပေးရမှာပေါ့နော်…"

"မလုပ်နဲ့!!!! Pa!!!"

Tew အသံနှင့်အတူ Night အနောက်နားတွင် ရပ်နေခဲ့သော Vampire ကောင်လေးဆီသို့ အရှိန်ဖြင့်ပြေးသွားခဲ့မိသည်။

"ဖြေးဖြေးပေါ့ တစ်ယောက်ချင်းသတ်မှာပဲကို ဘာလို့ အလောတကြီး သေဖို့ကြိုးစားနေတာလဲ…"

A forbidden Love Story (fanfic)Tempat cerita menjadi hidup. Temukan sekarang