Chapter - 4 : We need each other...

3.6K 358 38
                                    

“Prince Arthit ကျွန်တော် Maria ကိုရှာတွေ့ပါပြီ”

Jay, Arthit ကိုအရိုအသေပေးရင်း ပြောလိုက်မိခဲ့သည်။ Arthit ခပ်အေးအေးပင် ခေါင်းညိတ်ပြလိုက်မိခဲ့သည်။ သူ့ညီဖြစ်သူ Dae နှင့် တတိယအစ်ကိုဖြစ်သူ Bright တို့ ထို Maria အား သွားရောက်သတ်သည့် ကိစ္စကို သူ မသိခဲ့လိုက်။ ထို Maria ပျောက်ချင်းမလှ ပျောက်ဆုံးခဲ့သည်မှာ ခြောက်လကျော်ကြာမြင့်ခဲ့ပြီ။ Jay ၏ စုံစမ်းမှုအရ Maria ဖြစ်သူသည် Main City (Holy City) မှ Paladin တို့၏ ကယ်တင်ခြင်း ခံခဲ့ရပြီး ယခုအခါ Vampire များကြားတွင် ရေပန်းအစားဆုံး Hunter တစ်ဦးဖြစ်လာခဲ့သည်။

“ရပြီ Jay မင်းသွားတော့ ငါ Main City ကိုသွားလိုက်ဦးမယ်”

“Prince Arthit ကျွန်တော်လည်း လိုက်ခဲ့ပါရစေ”

“ဟင့်အင်း မလိုက်နဲ့ ငါ့ဘာသာ အေးဆေးပဲသွားချင်တယ် ငါ သူ့ကို မေးစရာတွေ ရှိနေတယ်”

“ဒါပေမဲ့”

Jay တစ်ခုခုပြောရန် ပြင်ပြီးမှ ခေါင်းလေးသာ ငုံ့ထားခဲ့မိသည်။ ထို Maria အား သူ့ Prince လေးမသတ်ခဲ့သည့် အကြောင်းရင်းကို သူ သိနေမိခဲ့သည်။

“Prince Arthit သတိထားသွားပါ… Prince Arthit က ထီးနန်းဆက်ခံရမဲ့သူမို့ လုပ်ကြံချင်တဲ့သူတွေ အများကြီး ရှိနေတာကို မမေ့ပါနဲ့”
“မင်းကလည်း ကြက်မကြီးကျနေတာပဲ တစ်ငိုင်ငိုင်နဲ့ ငါ May ကိုစုံစမ်းဖို့က ဒီတစ်နည်းပဲရှိတယ် နောက်ပြီး အခု အသစ်ရောက်နေတဲ့ Dae နားက ကောင်ကို မင်းသတိထားနေပါ သူ့ကို ထိပ်တိုက်မတွေ့ပါနဲ့ ငါ မရှိတဲ့ အချိန်မှာ မင်းတတ်နိုင်သမျှသူတို့ကို မတွေ့အောင် ရှောင်နေပါ”

“ဟုတ်ကဲ့”

“ငါ မင်းကို စိတ်ချခဲ့မယ်”

Jay သူ့အား ပြောပြီးသည်နှင့် သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားသော Arthit ကို ကြည့်ရင်း ခေါင်းငုံ့ထားနေမိဆဲ။ သူ Arthit အခန်းထဲမှ ထွက်လာသည်နှင့် သူ့အား ရပ်စောင့်နေခဲ့သည့် Tew သူ Tew အား မမြင်ချင်ယောင်ဆောင်ပြီး ကျော်ဖြတ်လိုက်မိသော်လည်း Tew က သူ့လက်ကို လှမ်းဆွဲထားခဲ့သည်။

“မင်း Kong သတင်းကို သိတယ်မဟုတ်လား”

“အဲ့ဒီတော့? မင်းက Prince Dae ရဲ့ Slave မဟုတ်လား ဘာကိစ္စနဲ့ Hunter တစ်ယောက်အကြောင်း သိချင်ရတာလဲ”

A forbidden Love Story (fanfic)Where stories live. Discover now