Introduction...

17.3K 688 55
                                    

"Vampire… သွေးစုပ်ကောင်ဆိုတာက အနောက်ဥရောပနိုင်ငံမှာ ၁၉ရာစုလောက်က စတင်ခေတ်စားခဲ့တဲ့ Fiction တွေပါ။ မသေနိုင်တဲ့ ထာဝရအသက်ကို ပိုင်ဆိုင်သူ။ အခြားလူသား တိရိစ္ဆာန်တို့ရဲ့သွေးနဲ့အသက်ဆက်သူ။ ထာဝရပျိုမြစ်ခြင်းနဲ့ သန်စွမ်းသော ခွန်အား၊ စိတ်စွမ်းအင်တို့ကို ရရှိထားသူ၊ သူတို့ကြောက်သည်က လက်ဝါးကပ်တိုင်၊ ကြက်သွန်ဖြူ ၊ ပရိတ်ရေ၊ ငွေထည်ပစ္စည်း၊ နေရောင်ခြည်…"

"တော်စမ်း!!!! အဓိပ္ပာယ်မရှိတာတွေ…"

"7th Prince Arthit… သင်ခန်းစာက…"

"ဒီသောက်ဓိပ္ပာယ်မရှိတဲ့ဟာတွေကို လူတွေက လက်ဆင့်ကမ်းသင်နေကြတာလား!!!"

"ဒါပေမဲ့…"

"လက်ဝါးကပ်တိုင်ကြောက်ရအောင် လက်ဝါးကပ်တိုင်က ဘာမို့လဲ! ကြက်သွန်ဖြူက နံမှတော့ ရှောင်ပြီပေါ့၊ ဟမ်း မသေမျိုး… သူ့အဘ…နှလုံးတည့်တည့် ဓားနဲ့စိုက်မှတော့ သေပြီပေါ့ ဒါပေမဲ့ သေတာမဟုတ်ဘူး ငါတို့ အချိန်တစ်ခုပဲအနားယူတာ tsk အဲ့ဒီမဟုတ်တဲ့ အချက်အလက်တွေနဲ့ Hunter လုပ်နေကြတယ် သူတို့က ငါတို့ကို အထင်သေးတာပဲ…"

"Arthit… မင်းက ငါတို့ထက်နိမ့်ကျတဲ့လူတွေကို အုပ်စိုးရမဲ့ ဘုရင်ပဲ… သူတို့အားနည်းချက်တွေကိုလေ့လာပါ…"

"Himph… ခမည်းတော်… ဒီလူတွေက ဒီအချက်အလက်တွေနဲ့ သားတော်တို့နားတောင်ကပ်နိုင်မယ်ထင်နေတာလား…မင်းက ဘာကြည့်နေတာလဲ ထွက်သွားတော့ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ သင်ခန်းစာတွေ မသိချင်ဘူး!"

………………………………………………………

"Kongpob…"

"Father…… ကျွန်တော့်ကို ခေါ်တယ်ဆို…"

"မင်းကို Maria အနေနဲ့ဆက်ခံခွင့်ကို ဒီနေ့ကစပြီးခွင့်ပြုမယ်…"

"Maria?……"

"Kong…Vampire Hunter တိုင်းက အမှန်တရားကို သိတာမဟုတ်ဘူး Maria တွေကသာ အမှန်တရားကိုသိတာ မင်းရဲ့ အရင်လူတွေလက်ထဲကတည်းက Maria bloodline ပြတ်တောက်ခဲ့ရတာကို မင်းအလှည့်မှ ပြန်ပေါ်ထွန်းနိုင်တာ Kongpob မင်းကငါတို့လူသားတွေအပေါ်မတရားအုပ်စိုးနေတဲ့ Vampire တွေလက်ကနေ လူသားတွေကို ကယ်တင်နိုင်တဲ့အစွမ်းရှိတယ် မင်းမိဘတွေကို လူမဆန်အောင် သတ်ခဲ့တဲ့ Vampire တွေကိုလည်း မင်းလက်စားချေပါ…"

"ဟုတ်ကဲ့……"

………………………………………………………

စာရေးသူ : Yaa! Intro လာဝင်တာ Bitter Destiny ပြီးရင် လာမဲ့ Fic လေး… ForthxBeam ဇာတ်လမ်းတိုလေးတစ်ခုရယ် Story between us အဆက်လေးလည်း ရေးဖို့ရှိသေးတာမို့ Anna နဲ့ နှစ်သစ်မှာ ဆက်တွေ့ကြရဦးမှာပေါ့… ဟီး Bitter Destiny ပြီးမှ ဒီ Fic ကို ဆက်ကြတာပေါ့… Intro လာဝင်ထားတာရယ်… ဟီးဟီး

A forbidden Love Story (fanfic)Where stories live. Discover now