ဝူရိဖန်​ သည်​ ချန်​​ယောလ်​၏"ဦး"ဖြစ်​သည်

9.2K 675 42
                                    

"ဦးနှင့်​ပတ်​သက်​​သော Diary အမှတ်​ (၁)"

📝ဝူရိဖန်​ သည်​ ချန်​​ယောလ်​ ၏ ဦး ဖြစ်​သည်
တ​နေ့ ဝူရိဖန်​ ကို ချန်​​ယောလ်​ ပိုင်​ရမည်
ဝူရိဖန်​ နှင့်​ ချစ်​သူဖြစ်လျှင်​ "ဦး" ဟု​ခေါ်မည်​ 📝

ပုံ/ "ဦး"ကို ​ကြွေဆင်း​နေ​သော ပတ်​ချန်​​ယောလ်​​လေး

(မှတ်​ချက်​ - ချန်​​​ယောလ်​​လေးသည်​ ချစ်​စရာ​ကောင်းသည်​။ထို့​ကြောင့်​ ဦးနှင့်​အလွန်​လိုက်​ဖက်​သည်​။)

Date-10.4.2018
အင်္ဂါ​နေ့။

စာကြွင်း ( ဦးသည်​ ​ဖေ​ဖေ့သူငယ်​ချင်းဖြစ်​သည်​ ။ )

**********

ချန်​​ယောလ်​ ​ရေးလက်​စ Diaryစာအုပ်​​လေးကို ပိတ်​ပြီး စာကြည့်​စားပွဲ အံဆွဲထဲသို့ထည့်​ကာ လုံလုံခြုံခြုံသိမ်းထားလိုက်​သည်​။ချန်​​ယောလ်​ရင်​ထဲက "ဦး" အ​ကြောင်း စာလုံးများကို ​မေ​မေ​တွေ့သွား၍မဖြစ်​။ ​မေ​မေသိလျှင်​ ချန်​​ယောလ်​အဆူခံရနိုင်​သည်​။

"​ယောလ်​​ရေ.....မထ​သေးဘူးလား? ဒီက​လေး "

"ထပြီ ​မေ​မေ​ရေ......​ယောလ်​ဗိုက်​ဆာပြီ!"

အခန်းထဲသို့ ​မေ​မေဝင်​လာမှာစိုး၍ ချန်​​ယောလ်​ စာအုပ်​ကိုအမြန်​သိမ်းလိုက်​ပြီး အိပ်​ရာထစအဝတ်​အစားနှင့်​ပင်​ အိမ်​​အောက်​ထပ်​သို့​ပြေးဆင်းသွားလို​က်​သည်​။ အိမ်​​အောက်​ထပ်ရှိ ထမင်းစားခန်းတွင်​ ​မေ​မေသည်​ အရသာရှိ​သောမနက်​စာများကိုချက်​ပြုတ်​​နေသည်​။ ချန်​​ယောလ်​ဗိုက်​ဆာဆာဖြင့်​ တ​ယောက်​တည်းဝင်​စား​နေလိုက်​သည်​။

"ဟဲ့....​ယောလ်​.....မစားနဲ့ဦး....လူစုံမှစား​လေ .."

"​မေ​မေကလည်း သားဗိုက်​ဆာပြီလို့ "

မေ​မေ့​ရှေ့မှာ ဆူ​ကောက်​ထိုင်​​နေလိုက်​ပြီး ​မေ​မေ့အလစ်​မှ ပန်းကန်​ထဲမှ ကိတ်​တခုအား ​ကောက်​စား​နေလိုက်​သည်​။

ချန်​​ယောလ်​၏ "ဦး"Where stories live. Discover now