Ep-33

12.7K 778 19
                                    

#Unicode
တိမ်ရောင် ငို၍ပြေးထွက်သွားသော ဝေဟင့်အား
စိတ်မချသဖြင့် သုတကိုတောင် ဂရုမစိုက်နိုင်ပဲ နောက်မှပြေးလိုက်ခဲ့သည်။

"ဟင် ဟိုမှာ လူတွေစုရုံးစုရုံးနဲ့ ဘာဖြစ်တာလဲ?"
တိမ်ရောင် ထိုလူအုပ်နား သွားပြီး စပ်စုကြည့်လိုက်သည်။

သွေးအိုင်ထဲတွင် လဲကျနေသော ဝေဟင့်အား ကြည့်နေရင်း တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသော လူတွေကြားထဲ တိမ်ရောင် ဇွတ်ဝင်တိုးကာ
"ဝေဟင်...ဝေဟင်...
ဟာ...ဒီကလေး ဘယ်လိုတွေဖြစ်ရတာလဲကွာ...
အားတင်းထား...သတိလွတ်မသွားစေနဲ့...
ဒီမှာ ခင်ဗျားတို့ ဘာရပ်ကြည့်နေကြတာလဲ။
ဆေးရုံကားခေါ် ကြလေဗျာ.."

"ဆေးရုံကားရောက်ပြီ...ဖယ်ကြ..ဖယ်ကြ"
လူအုပ်ထဲမှ လူကြီးတစ်ယောက်၏အသံကြောင့် အကုန် ဖယ်လိုက်ကြသည်။

ဆေးရုံကားပေါ်တွင် ဝေဟင်နှင့်အတူ တိမ်ရောင်ပါ လိုက်ပါသွားလေသည်။

Emergency Roomထဲသို့ ဝေဟင့်အား ခေါ်သွားကြလေပြီ။ တိမ်ရောင် အခန်းအပြင်ဖက်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ဝေဟင် အထိခိုက်နည်းဖို့ကိုပဲ ဆုတောင်းနေမိသည်။

နာရီအနည်းငယ်အကြာတွင် အရေးပေါ်အခန်းထဲမှ ဆရာဝန်တစ်ဦးထွက်လာလေသည်။

"ဒီက လူနာရှင်လားမသိဘူး?"
တိမ်ရောင့်ကို ကြည့်ကာပြောနေခြင်းသာ...

"ဟုတ်...ဟုတ်ပါတယ်ခင်ဗျ"
တိမ်ရောင် ထိုဆရာဝန်ရဲ့အနားကို အပြေးသွားလိုက်သည်။

"ဒီကလေး အရမ်းကံကောင်းတယ်။ အရမ်းကြီးထိခိုက်သွားတာမရှိဘူး။
ဒါပေမယ့် မှတ်ဉာဏ်ပြန်ကောင်း မကောင်းကတော့ သူသတိရလာမှ သိရလိမ့်မယ်။"

"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်။"

....................................

"ကောင်းကင်ရယ်..စိတ်ကိုထိန်းပါဦး။ဘာလို့ အဲ့လောက်ထိပြောလိုက်ရတာလဲ"

"သူ့စိတ်ရင်းနဲ့မဟုတ်ပဲ သူများခိုင်းလို့ လုပ်တာကို
ကျွန်တော် စိတ်အတိုဆုံးပဲ"

"သူ့မှာလဲ အကြောင်းတစ်ခုခုရှိလို့နေမှာပေါ့။
နားလည်ပေးလိုက်ပါ ကောင်းကင်ရယ်.."

အခ်စ္ကိုသိခ်ိန္(Completed)Where stories live. Discover now