Ep-11

17.9K 1.2K 142
                                    

#Unicode
ဒီနေ့ Gayစုတ်လေးကျောင်းလာမယ်တဲ့လေ...

Gayစုတ်လေးရဲ့ Informationတွေအကုန်လုံးကို ကဗျာ့ဆီကပဲ အတင်းမေးရတာ

ရှိသမျှ မုန့်ဖိုးတွေလဲပြောင်ပြီ။ မုန့်နဲ့မျှားပြီး မေးရတာကိုး...

J-cup ရှိတ် ကြိုက်တယ်ဆိုလို့ ကန်တင်းကိုသွားဝယ်ပြီး သူ့ခုံလေးပေါ်တင်ပေးထားလိုက်တယ် ။
စေတနာကို နားမလည်တဲ့ သကောင့်သားလေးက
မသောက်ပဲ အမှိုက်ပုံးထဲထည့်ပစ်တယ်တဲ့လေ ။
ဘယ်လောက် စိတ်တိုစရာကောင်းလဲ ။

ကျွန်တော် အတန်းထဲက သူတွေရဲ့အကြည့်ကို ဂရုမစိုက်ဘဲ Gayစုတ်လေး လက်ကို ဆွဲခေါ်လာပြီး
လှေကားအကွယ်နားဆီခေါ်ခဲ့တယ် ။

"တိမ်ရောင်...ဒါဘာလုပ်တာလဲ လွှတ်ပေး"

Gayစုတ်လေး အဖျားကျန်သေးတယ် ထင်ပါရဲ့။ သူ့လက်ကလေးက ခပ်နွေးနွေးလေး...

"ဘာကိစ္စနဲ့ လွှင့်ပစ်ရတာလဲ? ဘာလဲ ငါဝယ်ပေးထားတယ်ဆိုလို့လား?"

"ဟုတ်တယ်..."

"မင်းကွာ...မင်း...
ကဗျာ့ရဲ့မောင်လေးပေးတာဆို မင်း သောက်မယ်ဆိုတဲ့သဘောလား?"

"ဟုတ်တယ်..."

ဒီအကောင်ကြီး ဘာတွေအရူးထနေတာလဲ မသိဘူး
အနာပေးလိုက် ဆေးပေးလိုက်နဲ့။ ငါ့ကိုဘာဖြစ်စေချင်နေတာလဲ?
မသောက်ဘူးဆိုတာကလဲ အဖျားကျန်သေးလို့ မသောက်တာလေ။ ဒါလေးတောင် မတွေးတတ်ဘူးလား ငပိန်းကြီးရဲ့...

"အေးပါကွာ...ငါကလဲ တိုက်ချင်လွန်းလို့ တိုက်တယ်မထင်နဲ့ ။ငါ့ကြောင့်လဲထားလို့ သနားလို့ အလျော်ပေးတဲ့သဘောနဲ့ ဝယ်တိုက်တာ တစ်လွဲတွေးမနေနဲ့"

သနားတယ်။ ငါ့ကို သနားတယ်တဲ့လား? အလျော်ပေးတဲ့သဘောနဲ့ ဝယ်တိုက်တာတဲ့လား?
ဒါသုတကို သွေးတိုးစမ်းတာပဲ မာနထိခိုက်တယ်။
သုတ ထိုအကောင်ကြီးရဲ့ လက်ကို အားရပါးရ ကုန်းကိုက်ပြီး ထွက်ပြေးလာခဲ့တယ်

"အားးး နာတယ် ခွေးစုတ်လေး ။ငါ့ကို ကိုက်သွားတာ သွားရာ အကွင်းလိုက်ကြီး "

တိမ်ရောင် အကိုက်ခံလိုက်ရတာတောင် မျက်နှာက
စပ်ဖြီးဖြီး ။ မသိမသာ ရှေ့တန်းကို မျက်လုံးလေး ဝေ့ကြည့်လိုက်တော့ ပစ္စည်းတွေသိမ်းနေသော Gayစုတ်လေး ..
"သူပြန်တော့မယ်ထင်ပါရဲ့" တိမ်ရောင်စိတ်ထဲမှ ရေရွတ်မိသည် ။

အခ်စ္ကိုသိခ်ိန္(Completed)Where stories live. Discover now