Ep-8

18.3K 1.4K 16
                                    

(Zawgyi)

ဝှါးးးးး အိပ်ယာမှနိုးနိုးချင်း သုတ ဟားသမ်းတုန်း။
သမ်းမှာပေါ့ ညကအိပ်လို့မှ မပျော်တာကိုး။
နာရီကြည့်လိုက်တော့ 7:00PM။
အမလေး နောက်ကျပါပြီ မြန်မြန်လုပ်မှ။
သုတ ပျာပျာ ပျာပျာနဲ့ ကျောင်းသွားဖို့ အမြန်ပြင်ဆင်ရသည် ။

ရောက်ပါပြီ ကျောင်းတော်ကြီးဆီ ။
သုတ Ferryပေါ်မှ ဆင်းဆင်းခြင်း မိမိဆွဲခြင်းနှင့်စာအုပ်တွေယူပြီး Lobbyပေါ်တက်ခဲ့တယ် ။

ဟော ဟိုမှာ တိမ်ရောင်ပါလား
ိတိမ်ရောင်...တိမ်ရောင်...

ဘာလဲဟ ငါဒီလောက်အော်ခေါ်နေတာကို မကြားတာလား? တမင်မကြားချင်ယောင်ဆောင်တာလား?

သုတ တိမ်ရောင်ကို အမှီလိုက်ဖို့ လမ်းကိုခပ်သွက်သွက်လျှောက်လာလိုက်တယ်။

တိမ်ရောင်ရှေ့က ပိတ်ရပ်လိုက်တော့...

"ဒါ ဘာလုပ်တာလဲ?"

"ငါခေါ်နေတာ မကြားဘူးလား? အာခေါင်ကွဲမတတ်အော်ခေါ်နေတာကို"

"မကြားလိုက်ဘူး။ ပြီးတော့ မင်း
ငါ့နဲ့အရမ်းကြီးခင်သလိုပုံစံတွေ မလုပ်ပါနဲ့လား။
တစ်ခြားသူတွေမြင်ရင် ငါအထင်လွဲမခံနိုင်ဘူး"

"အမ် ။တိမ်ရောင် ခင်ဗျား ဘာဖြစ်တာလဲ။ မနေ့ကထိ အကောင်းကြီးပါ ဒီနေ့ကျမှ ဘာဖြစ်တာ.."

သုတစကားပင်မဆုံးလိုက်...
သုတပခုံးကို တိုက်ပြီး ထွက်သွားသော တိမ်ရောင်

Sorryပါ Gayစုတ်လေး ငါဒီလိုလုပ်မှ မင်းက ငါ့မျက်လုံးထဲပေါ်မလာမှာမို့ပါ

သုတက မိန်းကလေးတစ်ယောက်နဲ့ တိုက်မိရင်တောင် လဲကျတတ်တာကို တိမ်ရောင်ကတိုက်သွားတော့ သုတခမျာ စာအုပ်တွေ ခြင်းတွေ ဖရိုဖရဲနဲ့ လဲကျကျန်ခဲ့လေသည် ။

အခြားကျောင်းသားကျောင်းသူများက သုတကို လာထူပေးကြသည် ။
သုတ အရမ်းရှက်ပါသည်။ မနေ့က ရေခဲမုန့်ဝယ်ကျွေးလို့ ကျေးဇူးတင်ပါတယ်လို့ ပြောမလို့ဟာကို ခုတော့ လူအများရှိတဲ့နေရာမှာ လူကို လဲအောင်တိုက်သွားတယ်။ ရပါတယ် ငါလဲ မပက်သတ်ရုံပေါ့ ။

အတန်းထဲကို ဝင်လာကတည်းက သုတရဲ့မျက်နှာမသာမယာ ဖြစ်နေတာကို ကဗျာသတိထားမိသည်။ သန့်သုတဇော်ဆိုတဲ့ချစ်သူငယ်ချင်းလေး တော်တန်ရုံစိတ်ညစ်စရာနဲ့ ကြုံလာတာမဟုတ်မှန်း ကဗျာသဘောပေါက်လိုက်သည် ။

အချစ်ကိုသိချိန်(Completed)Where stories live. Discover now