Ep-31

14.6K 780 10
                                    

#Unicode
ဘာလိုလိုနဲ့ ဆယ်တန်းစာမေးပွဲတောင် ပြီးခဲ့ပြီပဲ။
လစ်ပိုပုလင်းခွံတွေ ပဲနို့ဘူးခွံတွေလဲ မနည်းမနော။
ကောင်းကင် လွှင့်မပစ်ရက်။ မိမိဘဝမှာ သူများဆီက ဒီလိုဂရုစိုက်ခြင်း ခံရတာ ပထမဆုံးဆိုတော့ သာယာနေမိသည်။
သိသိသာသာတစ်မျိုး မသိမသာတစ်မျိုး
စားစရာသောက်စရာတွေ လာလာပေးတတ်တဲ့ ဝေဟင်ဆိုသော ကောင်လေးက ကောင်းကင်ရဲ့စိတ်ထဲ အကြီးအကျယ် ဝင်ရောက်နေသည်ဆိုတာ ကောင်းကင်အသိဆုံးပင်။
သို့ပေမဲ့ Semeတို့ရဲ့ ထုံးစံအတိုင်း ချေပြလိုက်ရမှ တော်ကာကျမည်ကိုး။ခုကတည်းက ကြွေနေကြောင်းပြလိုက်ရင် ခေါင်းပေါ်ချီးတက်ပါမယ့်ဟာလေး...

"ကောင်းကင်ရေ...နင့်Ukeလေး အိမ်ရှေ့ရောက်နေတယ်။ထုံးစံအတိုင်း လက်ထဲမှာ
ပဲနို့ဘူးလေးနဲ့..."

ကောင်းကင် မမကဗျာရဲ့ စကားမဆုံးခင်မှာပင် အိမ်ရှေ့ကို ပြေးထွက်ခဲ့သည်။

"အယ်လယ်..မဆိုးဘူး။လက်ခံမယ့်သူက ကိုယ့်ဆီအပြေးလာတယ်ဆိုတော့ကာ..."
လက်နှစ်ဖက်ကို ပိုက်ကာ အောင်နိုင်သူအပြုံးနဲ့
ဝေဟင် ကောင်းကင်အား အစ်အောက်ကြည့်လိုက်သည်။

"အောင်မယ်.. မင်းဆီလာတယ်လို့
ဘယ်သူပြောလဲ။
ပြောင်းဖူးပြုတ်သည်အသံကြားလို့ ဝယ်မလို့ ဆင်းလာတာ"
မျက်နှာကို ခပ်တင်းတင်းထားကာ ကောင်းကင်တစ်ယောက် ဝေဟင်ရိပ်မိသွားမှာစိုး၍
ဟန်ကိုယ့်ဖို့ကာ ပြောလိုက်သည်။

"ဝန်ခံလိုက်စမ်းပါ ကင်းကောင်ကြီးရယ်..."

"ပေးစရာရှိတာ ပေးပြီး ပြန်တော့"

"မပြန်ခင် တစ်ခုလောက် တောင်းဆိုချင်တယ်"

"ပြောကြည့်"

"ဝေဟင့်ကိုလေ တစ်ရက်လောက် ရုပ်ရှင်လိုက်ပြပါလား။ heex
အကိုလဲ စာမေးပွဲဖြေပြီးပြီဆိုတော့လေ..."

သနားစဖွယ်မျက်နှာလေးနဲ့ လက်ညှိုးလေးတစ်ချောင်းထောင်ကာ ပြောလာသော ဝေဟင့်အား ကြည့်ပြီး ကောင်းကင်ရဲ့ သမာဓိအားများကလည်း ကောင်းကင်အား မထိန်းချုပ်နိုင်တော့ပေ။

"အိုကေ သနားလို့လိုက်ပြမယ်။ မနက်ဖြန် မနက်8နာရီ အကုန်ပြီးစီးအောင် ပြင်ထား။ လာခေါ်မယ် မင်းအိမ်လိပ်စာပြော"

အခ်စ္ကိုသိခ်ိန္(Completed)Where stories live. Discover now