Ep-12

17.1K 1.1K 18
                                    

#Unicode
🎵🎼🎶...(သုတရဲ့Phone RingToneသံ)

ဆက်တိုက်မည်နေသောဖုန်း...
သုတမကိုင်ပဲ အောင်းအိပ်နေလို့မရတော့..
"ပြော ဘာကိစ္စလဲ လူအိပ်ချိန်ဆိုတာနားမလည်ဘူးလား..."
သုတစကားပင်မဆုံးလိုက်..

"အမြန် အပြင်ထွက်လာခဲ့မလား? တစ်ရပ်ကွက်လုံးကြားအောင် ငါ အော်ပစ်လိုက်ရမလား?"

"လာပြီ..ခဏစောင့်.."

သူများအိပ်ချိန်ကိုတောင် လာစွက်ဖက်တဲ့လူကြီး။
အမိန့်ဆန်ဆန်စကားလုံးတွေနဲ့ ရုန်းထွက်မရအောင်လုပ်တဲ့လူကြီး။ မြွေပေါက်ခံရပါစေ...

သုတစိတ်ထဲမှကြိမ်ဆဲပစ်လိုက်သည်...

ထွက်လာပါပြီ ကိုယ်တော်ချောလေး..
Mickey Mouse ပုံသေးသေးလေးတွေပါတဲ့
ကာတွန်းအကျႋဝမ်းဆက်လေးနဲ့ အိပ်ရာထဲကထွက်လာတာမို့ထင်တယ် ဆံပင်တွေကလဲ ဖွာလန်ကျဲ..
ဒီ ကပိုကယိုကောင်လေးကို ငါဘာလို့စိတ်ဝင်စားမိပါလိမ့်...

"ထွက်လာသေးတယ်နော် Gayစုတ်လေး။
ကိုယ်က ဒီနားမှာတင် အိပ်ရတော့မယ်ထင်နေတာ..."

"ခင်ဗျားကို ဘယ်သူကလာခိုင်းလို့လဲ သူ့ဘာသာလာတာများ..."သုတ မဲ့ကာရွဲ့ကာပြောလိုက်တော့..

"မင်း တအားစွာတာနော်။ ငါ့ကိုဆို ပြန်ပြောဖို့ပဲသိတယ် ထင်တယ်"

"ဟုတ်တယ် ဘာဖြစ်လဲ.."

"မင်းအကောင် ကင်းကောင်လား ဘာလား
သူနဲ့ကျ ဖြီးနေတာပဲနော်။ အင်းပေါ့လေ မင်းကGayပဲ။ ယောကျ်ားတွေအပေါ်သာယာတာတော့ မဆန်းပါဘူး။ ဒါပေမယ့် ငါလဲယောက်ျားလေ။ ဘာလို့ငါ့အပေါ်ကျ မကောင်းတာလဲ မင်းက"

ကျွန်တော်ဘာပြောပြော ကန့်လန့်တိုက်နေတဲ့
ထိုGayစုတ်လေးကို ကျွန်တော် စိတ်တိုတိုနဲ့
သူအထိနာအောင် ပြောလိုက်မိသည်

"ဘယ်သူက Gayဖြစ်ချင်မှာလဲ?
ဘယ်သူကရော ဒီလိုဘဝမျိုးလိုချင်မှာတဲ့လဲ?
မျိုသိပ်ရတာ ပင်ပန်းလို့ ကိုယ့်ဘဝကိုယ် လက်ခံပြီး
နေပျော်အောင်နေတော့တယ်...
ဒီလိုနေတာကို ယောကျ်ားတွေအပေါ်သာယာတယ်တဲ့လား?
ခင်ဗျားမြင်ဖူးလား? ကျွန်တော် အခြားယောက်ျားလေးတွေနဲ့ပျော်ပါးနေတာကို..
ခင်ဗျားမြင်ဖူးလား? ကျွန်တော် အခြားယောကျ်ားလေးတွေကို မြူဆွယ်ဖြားယောင်းတာကို..
Gayဆိုရင် လူတွေက နှာခေါင်းရှုံကြ မသတီကြလွန်းလို့ ကိုယ့်ဘာသာ ဘယ်သူနဲ့မှ မပက်သတ်ပဲ အေးဆေးနေနေတာကို ခင်ဗျားမို့ ပြောရက်တယ် ကျွန်တော့ကို... 😢😢။
ကျွန်တော့်မကောင်းကြောင်းပြောချင်လို့ထွက်လာခိုင်းတာလား?" သုတ မျက်မှန်ကိုချွတ်ပြီး မျက်ရည်တွေသုတ်ရင်း ပြောလိုက်သည်။

အခ်စ္ကိုသိခ်ိန္(Completed)Where stories live. Discover now