Ep-21

13.5K 943 42
                                    

#Unicode
"ပိစိလေး ဘာမှမတွေးနေပဲ အိပ်ပျော်အောင်အိပ်နော်။ကျွန်တော် ဒီလောက်နဲ့ ဘာမှမဖြစ်ပါဘူး"

အထိုးခံလိုက်ရသောကောင်းကင်က မိမိကိုပြောသည့်စကား...

"အဲ့တိမ်ရောင်ဆိုတဲ့ လူကြီးဟာလေ လူမိုက်ကြီးကျနေတာပဲ။ အရာရာကို လက်နဲ့ဖြေရှင်းချင်နေတယ်။
စိတ်ရှုပ်တယ် မနက်ဖြန်ကျမှ သေချာဆွေးနွေးရမယ် လဒကြီးနဲ့။
ခုတော့ အိပ်ပျော်အောင် အိပ်ရမယ်"ဟုဆိုကာ
လဒကြီးပေးထားသော Mickey Mouseအရုပ်ကြီးကို ဖက်ရင်း သုတ
အိပ်လိုက်တော့သည်...

At CU(တအုံ)

"ထုံစမ်းအတိုင်း လာမကြိုပြန်ဘူးပဲ။
အားမငယ်စမ်းနဲ့သုတ အရင်တုန်းကလဲ ကိုယ့်ဘာသာတစ်ယောက်တည်း အတန်းပေါ်တက်ခဲ့တာပဲ ခဏလောက်လေး လာကြိုတာခံရပြီး အကျင့်မပျက်ချင်နဲ့" သုတမိမိကိုယ်ကို အားပေးရင်း အတန်းပေါ်တက်ခဲ့သည် ။

သုတ လဒကြီးထိုင်ရာ အနောက်တန်းကို မျက်လုံးလေးဝေ့ကာကြည့်လိုက်မိသည်။

"သူမရောက်သေးလို့နေမှာပါလေ"အကောင်းဘက်ကတွေးရင်း သုတ စိတ်ဖြေလိုက်သည် ။

"အသဲသုတလေးရေ...သတင်းထူးပါတယ်
သတင်းထူး"

အတန်းထဲသို့ ကပျာကယာပြေးလာသော ကဗျာ့အားကြည့်ပြီး သုတ ရင်မောရပြန်သည် ။

"အသဲသုတလေး ကန်တင်းမှာ ငါဘယ်သူ့ကိုတွေ့ခဲ့တယ်ထင်လဲ?"

"ဘယ်သိမလဲ ကဗျာရဲ့...
ငါက ခုနလေးကမှ အတန်းထဲရောက်တဲ့ဟာကို"

"ကန်တင်းမှာ ငါ တိမ်ရောင့်ကိုတွေ့ခဲ့တယ်။
သူရယ် မေရတီမိုးသဲဆိုတဲ့ အစစ်မရယ် နှစ်ယောက်တည်းတွေ့ခဲ့တာ။ နှစ်ယောက်သား တဟီးဟီး တဟားဟားနဲ့ အမြင်ကပ်လိုက်တာ..."

"ဟုတ်လို့လား ကဗျာရယ်..."

"အသဲသုတကလည်း ငါက မဟုတ်ပဲပြောမလား။
တစ်ကယ်တွေ့လို့ပြောတာပေါ့။ နင်မယုံရင် ငါနဲ့ နောက်တစ်ခေါက်သွားကြည့်မလား?"

"တော်ပါပြီ ကဗျာရယ်။သူတို့ကိုတွေ့လိုက်ရရင် ငါဘယ်လိုမှ ခံစားနိုင်မှာမဟုတ်ဘူး"သုတ ပြတင်းပေါက်ကို ကြည့်ကာ ရှိုက်သံပါကြီးနဲ့ပြောလိုက်သည်။

အခ်စ္ကိုသိခ်ိန္(Completed)Where stories live. Discover now